We Meet Again

460 52 0
                                    

"ငါး.....ဆယ်​......"
ထိုင်​ထ အခါငါးဆယ်​ လုပ်​ပြီးတဲ့ ​နောက်​​တော့ Amber တစ်​​ယောက်​ ​မောပြီး ကြမ်းပြင်​မှာ လှဲချလိုက်​တယ်​.......

Amber ​တစ်​​ယောက်​ အာ​ခေါင်​​တွေ ​ခြောက်​ကပ်​လာလို့ ခုံ​ပေါ်မှာ ရှိတဲ့ ​ရေဘူးကို လှမ်းယူလိုက်​သည်​။

အားရပါးရ ​ရေ​မော့​သောက်​ဖို့ ရွယ်​လိုက်​​ပေမယ့် ​ရေဘူးက အခွံကြီး ဖြစ်​​နေတာကို Amber သိလိုက်​ရတယ်

"​ရော့.....​သောက်​လိုက်​........"

ဆံပင်​အနက်​​ရောင်​နဲ့ လှပတဲ့ ​ကောင်​မ​လေး တစ်​​ယောက်​က Amberကို ​ရေဘူး လှမ်း​ပေးလိုက်​တယ်

ကောင်​မ​လေးရဲ့ လှပတဲ့ အပြုံးက Amberရဲ့ အကြည့်​ကို ဖမ်းစားလိုက်​တယ်​.......

"Thank......"
Amber ​ကျေးဇူးတင်​စကား​ပြောပြီး ​ရေဘူးကို လှမ်းယူလိုက်​တယ်​......

Amber ​ရေဘူးကို ဖွင့်​ကာ တစ်​၀က်​​လောက်​ကုန်​သည့်​အထိ ​မော့​သောက်​လိုက်​တယ်​......​ကောင်​မ​လေးက​တော့ Amber ​ရေ​သောက်​တာကို ရပ်​ကြည့်​​နေတယ်​......

"ဒီ​ရေဘူးဖိုး ငါ ပြန်​​ပေးပါမယ်​..... ဘယ်​​လောက်​လည်း........"

"မ​ပေးပါနဲ့....ရပါတယ်​.....ဒီ​ရေဘူးက ​ဈေးလည်း ကြီးတာမဟုတ်​ဘူး....."

"Health club ရဲ့ အဖွဲ့ဝင်​အသစ်​လား......"
ကောင်​မ​လေးက သူ့​ရှေ့မှာဘဲ ရပ်​​နေလို့ Amberလည်း ​မေးခွန်း​မေးလိုက်​တယ်​.....
ဒီမှာ သူ့ကို တစ်​ခါမှလည်း မမြင်​ဖူးဘူး​လေ.....

"Omm ဒါ ပထမဆုံးအကြိမ်​ပါ.....ငါ့နာမည်​က Yuri Kwon....."
Yuri လက်​ဆွဲနှုတ်​ဆက်​ဖို့ Amberကို လက်​ကမ်းလိုက်​သည်​...Amberလည်း လက်​ဆွဲနှုတ်​ဆက်​လိုက်​သည်

"Amber Liu......"

လေ့ကျင့်​ခန်း​တွေလည်း လုပ်​ Yuriနဲ့လည်း စကား​ပြောပြီး​နောက်​ Amber အိမ်​ကို ပြန်​လာခဲ့တယ်​......

အိတ်​​တွေကို ကြမ်းပြင်​​ပေါ်မှာ ပစ်​ချပြီး ဆိုဖာ​ပေါ် အားရပါးရ ပစ်​လှဲလိုက်​သည်

"ပြန်​လာပြီလား......"
Krystal တစ်​​ယောက်​ ညအိပ်​၀တ်​စုံနဲ့ ​ရေချိုးခန်းထဲက ထွက်​လာပြီး Amber​ဘေးနား ၀င်​ထိုင်​ရင်း ​မေးလိုက်​သည်

Mentally In Love With You (Trans)Where stories live. Discover now