Amber အိပ်ရာက နိုးလာတော့ မနေ့ညက အကြောင်းတွေ ပြန်သတိရပြီး ပြုံးနေမိသည်။အိပ်ရာကထ ရေချိုးပြီး အလုပ်သွားဖို့ ပြင်ဆင်နေတယ်....
ထို့နောက် သူ့ရဲ့ ချစ်သူလေး ပြင်ဆင်ပေးထားတဲ့ မနက်စာကို စားဖို့ Dinning Roomထဲကို လျှောက်လာတယ်
သူ့ရဲ့ မနက်ခင်းဟာ သူ့ချစ်သူကို မမြင်ခင်အထိ သာယာနေခဲ့တယ်
သို့သော် Krystalလည်ပင်းက အနီရောင်အကွက်အကြီးကြီးတွေကို မြင်တော့ အရမ်းလန့်သွားတယ်
"မင်း လည်ပင်းက ဘယ်လိုဖြစ်တာလည်း....."
Krystalရဲ့ အဖြူရောင် လည်ပင်းပေါ်က အနီကွက်တွေကို လက်ညိုးထိုးပြပြီး Amber မေးလိုက်သည်။"ဘာမှမဖြစ်ပါဘူး... မနေ့ညက နည်းနည်းကြမ်းသွားလို့ပါ.. ."
Krystal ရယ်ရင်း ပြောလိုက်သည်။"ဘာလို့ ဘာမှမဖြစ်ရမှာလည်း....မင်း ကိုယ့်ကို တားသင့်တာ..."
"Amber....ငါ တကယ် ဘာမှမဖြစ်ဘူး .. ပြီးတော့ မနေ့ညက အရမ်းကောင်းတယ်....ငါ သဘောကျတယ် "
"ကိုယ်တောင်းပန်ပါတယ်...နောက်တစ်ခါ အဲ့လိုမဖြစ်စေရဘူး...."
Krystalကို နမ်းပြီး Amber မနက်စာ စားလိုက်သည်။Krystal လည်ပင်းက အနီကွက်အကြီးကြီးတွေ မြင်ရတိုင်း Amber စိတ်မကောင်းဖြစ်မိသည်။
သို့သော် ဘာလို့ သူ့ချစ်သူကို ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံခဲ့လည်းဆိုတာ Amber ပြန်စဉ်းစားလိုက်တိုင်း စဉ်းစားလို့မရပေ
သူက အိပ်ရာထဲမှာ ကြမ်းတတ်တဲ့ လူမျိုးမဟုတ်ပေမယ့် မနေ့ညက ဘာဖြစ်ခဲ့မှန်း Amber မသိပေ
နောက်တစ်ခါ အိပ်ရာထဲမှာ အခုလို ထပ်ဖြစ်မှာကို Amber စိုးရိမ်နေသည်။
Krystalနဲ့ ညစာစားပြီး ရုပ်ရှင်ကြည့်တိုင်း သူ့စိတ်တွေ ရိုင်းလာတာကို သတိထားမိသည်.....ဒီနေ့ညလည်း ထပ်ဖြစ်မှာကို Amber ခံစားမိနေသည်။
BẠN ĐANG ĐỌC
Mentally In Love With You (Trans)
Fanfiction"Why? ဘာလို့ နင်က ငါနဲ့ လမ်းခွဲချင်ရတာလည်း......." Krystal ဒေါသကြီးစွာဖြင့် သူတို့အတူ ဆင်တူဝယ်ခဲ့တဲ့ ခွက်အနီရောင်လေးကို နံရံဘက်ကို လွှင့်ပစ်ခွဲလိုက်တယ်....ခွက်ကလေးက နံရံကို ထိမှန်ပြီး Amberဘေးနားမှာ အပိုင်းပိုင်း အစစကွဲသွားတယ်...