Amberဟာ အခုထိ Yuriနဲ့ အဆက်အသွယ် လုပ်ဖြစ်ပြီး gymကိုလည်း အတူသွားဆော့ဖြစ်နေဆဲ......
သူတို့ဟာ အရင်ကထက်ကို ပိုပိုပြီး ရင်းနှီးလာကြတယ်......ကိစ္စသေးသေးလေးရှိရင်တောင် တစ်ယောက်ကိုတစ်ယောက် ပြောပြကြတယ်
"Amber ဘယ်သူနဲ့ စကားပြောနေတာလည်း....."
Krystal phကို ကြည့်ဖို့ ကြိုးစားပေမယ့် Amberက လက်နဲ့ကာလိုက်တယ်"S...Sulliပါ....."
Henry လို့ ပြောဖို့ ကြိုးစားပေမယ့် ပါးစပ်က Sulliလို့ ယောင်ပြီး ထွက်သွားတယ်"ငါ မြင်လို့မရတဲ့ စကားတွေ ပြောနေတာလား....."
အိပ်နေတဲ့ Amber ဘေးနား ၀င်ထိုင်လိုက်တော့
Amberလည်း အိပ်နေရာက ထလိုက်သည်"Umm.....သူက သူ့ရဲ့ အချစ်ရေး ကိစ္စကို ပြောပြနေတာ ငါက အကြံနည်းနည်းပေးရုံပါ......"
Amber ပြုံးပြီး သူ့ရဲ့ဖုန်းကို ဘောင်းဘီအိတ်ကပ်ထဲ ထည့်လိုက်တယ်နောက်တော့ သူတို့ ဘာမှမပြောဘဲ ကုတင်ပေါ်မှာ လှဲပြီး မျက်လုံးမှိတ်ကာ နောက်တစ်နေ့ရောက်ဖို့ကို စောင့်နေကြတယ်.....
ဒါပေမယ့် Krystalကတော့ အိပ်မပျော်ဘူး Amberရဲ့ ဖုန်းကိစ္စကို စိတ်ထဲပြန်တွေးနေတယ်.....ဘယ်သူနဲ့ပြောနေမှန်း သေချာမသိပေမယ့် တစ်ဖက်လူက မိန်းကလေးဆိုတာတော့ Krystal သေချာသိနေတယ်......
စားသောက်ဆိုင်မှာ ထိုင်ပြီး သူ့ရဲ့ partnerကိုစောင့်ရင်း Yuri ဘီယာ သောက်နေတယ်
မလှမ်းမကမ်းမှာ လျှောက်လာတဲ့သူကို တွေ့တော့ Yuri အရက်သောက်ရင်း ပြုံးပြလိုက်တယ်
"Sorry.....ငါနောက်ကျသွားတယ်......."
Yuri ဘေးနားမှာ Amber ၀င်ထိုင်လိုက်တယ်"ရပါတယ်....ဒီည နင် Krystalနဲ့ အတူမရှိနေဘူးလား......"
"Krystalက သူ့သူငယ်ချင်းတွေနဲ့ ကိစ္စရှိလို့တဲ့......"
Krystalက သူ့သူငယ်ချင်းတွေနဲ့ ကိစ္စရှိလို့ဆိုတဲ့ စကားက ထူးဆန်းနေသလို ခံစားရပေမယ့် Yuri မသိသလို လျစ်လျူ ရှုထားလိုက်တယ်
YOU ARE READING
Mentally In Love With You (Trans)
Fanfiction"Why? ဘာလို့ နင်က ငါနဲ့ လမ်းခွဲချင်ရတာလည်း......." Krystal ဒေါသကြီးစွာဖြင့် သူတို့အတူ ဆင်တူဝယ်ခဲ့တဲ့ ခွက်အနီရောင်လေးကို နံရံဘက်ကို လွှင့်ပစ်ခွဲလိုက်တယ်....ခွက်ကလေးက နံရံကို ထိမှန်ပြီး Amberဘေးနားမှာ အပိုင်းပိုင်း အစစကွဲသွားတယ်...