Pain Of Pleasure

318 38 2
                                    

Henry ရဲ့ အိမ်​​မှာ ​Amber ​နေတာ နှစ်​ရက်​ရှိပြီ အဲ့နှစ်​ရက်​မှာ သူ Krystalဆီကိုလည်း မဆက်​သွယ်​သလို သူ့အိမ်​ကိုလည်း ပြန်​ပြီးမသွားဘူး

Krystalကို ဖြစ်​ခဲ့သမျှ ကိစ္စ​တွေနဲ့ ပတ်​သက်​ပြီး စိတ်​တည်​တည်​ငြိမ်​ငြိမ်​ထား​စေချင်​တာ

သူနဲ့မ​တော်​တဲ့ Henry ရဲ့ အင်္ကျီ​တွေကို ငှါးဝတ်​ပြီး Amber အလုပ်​ကို သွားတယ်

သူ့အလုပ်​စားပွဲမှာ ထိုင်​ပြီး အလုပ်​ကို အာရုံစိုက်​လည်း​ krystal ရဲ့ အ​ကြောင်းကိုဘဲ ​တွေး​နေမိသည်​။

Krystalကို ​သေချာရှင်းပြပြီး ​တောင်းပန်​ချင်​​သော်​လည်း လည်​ပင်း ထပ်​ညှစ်​ခံရမှာ စိုးရိမ်​​နေသည်​။

Amber သက်​ပြင်းချပြီး သူ့ကွန်​ပျူတာကို ဖွင့်​ကာ အလုပ်​စလုပ်​​လေသည်​။

အချိန်​​တွေကုန်​သွားရင်း...အလုပ်​ဆင်းချိန်​ ​ရောက်​လာပြီ​လေ...

"Hey Amber ငါတို့ သွား​သောက်​မလို့ လိုက်​အုံးမလား.. .."

Danielရဲ့ ဖိတ်​​ခေါ်ခြင်းက Amberကို ​တွေ​ဝေ​စေတယ်

အခုချိန်​မှာ Amber စိတ်​ထဲ အရက်​​သောက်​ဖို့ထက့်​ သူ့ချစ်​သူ ကိုဘဲ စိတ်​ပူ​နေတယ်

သူ အိမ်​ကို ပြန်​သွားပြီး Krystal အဆင်​​ပြေလားဆိုတာ သွားကြည့်​ဖို့ ဆုံးဖြတ်​လိုက်​သည်​။

သူ့အိတ်​ကို လွယ်​ပြီး ရုံးထဲက​နေ ထွက်​လာခဲ့သည်​။

လမ်းတစ်​ဖက်​မှာ ပုံစံတူ မိန်းက​လေးတစ်​​ယောက်​က မတ်​တပ်​ရပ်​​နေတာကို Amber သတိထားမိသွားသည်​။

သေ​သေချာချာ ကြည့်​လိုက်​​တော့ Krystal ဖြစ်​​နေသည်​။

သူ့ချစ်​သူ ဘာမှမဖြစ်​ဘူးဆိုတာ မြင်​လိုက်​ရ​တော့ Amber ၀မ်းသာပြီး​ပျော်​သွားတယ်

သူ့ချစ်​သူကို ​တွေ့ဖို့ လမ်းအမြန်​ဖြတ်​ကူးလိုက်​သည်​။

Amberလည်း သူ့​ရှေ့​ရောက်​​ရော Krystalမှာ ဖက်​လိုက်​ပြီး Amber ရင်​ခွင်​ထဲမှာ ငိုလိုက်​ သည်​။

"​ကျေးဇူးပြုပြီး ငါ့ကို ခွင့်​လွှတ်​ပါ​နော်​ ငါနင့်​ကို နာကျင်​​စေဖို့ မရည်​ရွယ်​ပါဘူး ငါ​တောင်းပန်​ပါတယ်​..."

Mentally In Love With You (Trans)Where stories live. Discover now