Prisoner of love

382 35 3
                                    

ငို​နေတဲ့ Hyunaကို နှစ်​သိမ့်​​ပေးရင်း ကတိ​ပေးပြီး​နောက်​ ​ရေမချိုး​တော့ဘဲ ဟိုတယ်​မှာ မ​နေချင်​​တော့တာ​ကြောင့်​ Amber အမြန်​ဆုံး ထွက်​လာလိုက်​တယ်

Amber အခု အိမ်​ကို ပြန်​သွား​နေတယ်​....သူ့စိတ်​ထဲမှာ ရှိသမျှ အ​ကြောင်းအရာ​တွေ အားလုံးက Krystalကို ​တောင်းပန်​ဖို့ဘဲ ​တွေးမိ​နေတယ်

Amber အိမ်​ကို ပြန်​​ရောက်​တဲ့အချိန်​က မိုးလင်းခါစဘဲရှိ​သေးသည်​။

Amber အိပ်​ခန်းထဲကို ၀င်​လိုက်​​တော့ ​စောင်​ခြုံပြီး အိပ်​​နေတဲ့ သူ့ကောင်​မ​လေးရဲ့ မျက်​လုံးက ​ဖောင်းမို့​နေပြီး ပါးပြင်​တစ်​ခုလုံးမှာ မျက်​ရည်​စီး​ကြောင်း​တွေ ​တွေ့ရ​တော့ သူ့ကိုယ်​သူ အပြစ်​ရှိသလို amber ခံစား​နေရပြီ.....

Krystalရဲ့ ပါး​ပေါ်က မျက်​ရည်​​တွေကို သုတ်​​ပေး​နေရင်း Krystal နိုးလာတယ်

"Amber?"

"မ​နေ့ညက ကိုယ့်​အပြုအမူ​ကြောင့်​ ကိုယ်​ ​တောင်းပန်​ပါတယ်​.......ကိုယ်​ အိမ်​က​နေ ထွက်​မလာသင့်​ဘူး...."
Amber ငို​နေရင်း ​တောင်းပန်​စကား​ပြောလိုက်​သည်​။

Amber ငို​နေတာ ကြည့်​ရင်း Krystal လည်း ငိုချင်​လာတယ်​ ....Amber ရဲ့ ပါး​ပေါ်က မျက်​ရည်​​တွေကို သုတ်​​ပေးရင်း

"No.....မ​နေ့ညက ငါလွန်​ခဲ့တာပါ....ငါ​တောင်းပန်​ပါတယ်​...."
Krystal ​တောင်းပန်​စကား​ပြောလိုက်​သည်​။

တစ်​​ယောက်​နဲ့ တစ်​​ယောက်​ ​တောင်းပန်​​နေတာကြည့်​ပြီး Amber စိတ်​သက်​သာရာရသွားတယ်​......

Krystalကို Amber သူ့ရင်​ခွင်​ထဲ ဆွဲသွင်းလိုက်​သည်​။ Krystal လည်း Amberရင်​ခွင်​ထဲ​နေရင်း အနံ့အသက်​တစ်​ခုရသွားတယ်​......ဒါ​ပေမယ့်​ ဘာမှမဖြစ်​သလို ဟန်​​ဆောင်​လိုက်​တယ်

"ဒီ​နေ့ ကိုယ်​ အလုပ်​က​နေ ခွင့်​ယူပြီး မင်းနဲ့​လျှောက်​လည်​ကြမယ်​​လေ ဘယ်​လိုလည်း......"

"No....အလုပ်​က အ​ရေးကြီးတယ်​....နင်​လည်း အလုပ်​သွား.....ငါလည်း အလုပ်​သွားရမယ်​....အခု ​ရေသွားချိုးပြီး အလုပ်​သွားဖို့ ပြင်​ဆင်​လိုက်​အုံး......."

Mentally In Love With You (Trans)Hikayelerin yaşadığı yer. Şimdi keşfedin