ထူးဆန်းတဲ့ မိန်းကလေး ရေကူးကန်က ထွက်သွားပြီးနောက် Amber အ၀တ်စိုကြီးနဲ့ သူမကို ရှာဖို့ အိမ်ထဲကို ပြန်ဝင်လာတယ်....... ဒါပေမယ့် သူမကို ဘယ်နေရာမှ ရှာမတွေ့ရဘူး....
တံခါးတွေ အားလုံးက သော့ခတ်ထားတယ်လို့ Henry ကပြောထားပေမယ့် သူမက ဒီအိမ်ထဲကနေ ဘယ်လိုထွက်သွားတာလည်းဆိုပြီး Amber တွေးနေတယ်.....
ထူးဆန်းနေပေမယ့် Amberက ဂရုမစိုက်ခဲ့ဘူး..... သူမနဲ့ ပြန်တွေ့ရဖို့ဘဲ Amberစိတ်ထဲမှာ ရှိနေတယ်.....နေ့တွေကုန်ဆုံးသွားပေမယ့် ထူးဆန်းတဲ့ မိန်းကလေးအကြောင်းကိုဘဲ Amber တွေးတောနေတယ်.....
"Amber...... လမ်းခွဲမှုနဲ့ ပတ်သက်ပြီး အခုထိ ခံစားနေရတုံးလား......"
သူမရဲ့ သူငယ်ချင်း ဖြစ်သူ ထူးထူးခြားခြား စကားမပြောဘဲ ငြိမ်သက်နေသောကြောင့် Victoria မေးလိုက်သည်...."အဲ့တာကြောင့် မဟုတ်ဘူးဟေ့ Partyမှာ တွေ့ခဲ့တဲ့ ကောင်မလေး အကြောင်းကို တွေးနေတာဖြစ်မယ်......"
Henry ပြုံးပြီး ပြောလိုက်သည်......Amberတို့ သုံးယောက် Onewရဲ့ အိမ်မှာ အချိန်ဖြုန်းနေကြတယ်.....
"သူမက ဘယ်သူလည်း? သူမ နာမည်က ဘာလည်း? သူမက ဘာကြိုက်တတ်သလည်း? သူမက လှလား?......."
Luna မရပ်မနား Amberကို မေးခွန်းတွေ ဆက်တိုက်မေးနေသည်......"အဲ့ကောင်မလေးက ဘယ်သူလည်းဆိုတာ သူ သိနေရင် ဒီလိုတောင် မနေဘူး......."
Amberအစား Henry ဖြေလိုက်သည်....."သူမက ဘယ်သူလည်းဆိုတာ မင်း အခုထိ မသိသေးဘူးပေါ့......"
Henryကို Amber သေချာအောင် ထပ်မေးလိုက်သည်"ငါ ကြိုးစားပြီး ရှာဖွေနေပါတယ်......ငါ Partyကို တက်ဖို့ ဖိတ်ခဲ့တဲ့ လူအားလုံးကို မေးကြည့်တယ်..... သူမကို ဘယ်သူမှ မသိကြဘူးဟ.....ငါ ဖိတ်ခဲ့တဲ့ တစ်ယောက်က သူ့သူငယ်ချင်းကို ဖိတ်မယ် သူ့သူငယ်ချင်းကနေ သူ့သူငယ်ချင်းကို ဖိတ်လို့ အာ့လိုတွေကြောင့် ဘယ်သူကမှ မသိတာနေမယ်......."
Herny နောက်ထပ် ရှင်းပြလိုက်သည်......
BINABASA MO ANG
Mentally In Love With You (Trans)
Fanfiction"Why? ဘာလို့ နင်က ငါနဲ့ လမ်းခွဲချင်ရတာလည်း......." Krystal ဒေါသကြီးစွာဖြင့် သူတို့အတူ ဆင်တူဝယ်ခဲ့တဲ့ ခွက်အနီရောင်လေးကို နံရံဘက်ကို လွှင့်ပစ်ခွဲလိုက်တယ်....ခွက်ကလေးက နံရံကို ထိမှန်ပြီး Amberဘေးနားမှာ အပိုင်းပိုင်း အစစကွဲသွားတယ်...