တစ်လလောက်ကြာပြီးနောက် Kryberတို့ရဲ့ Relationshipဟာ ပိုပြီး တည်ငြိမ်လာတယ်.....
Amberဟာလည်း Krystalကို သူ့မိသားစု အကြောင်းကို ဘယ်တော့မှ မမေးရဲဘူး........စကားပြောနေရင်း မိသားစု အကြောင်း ရောက်သွားရင် Krystalက ဟာသတွေ ပြောပြီး စကားလမ်းကြောင်း လွှဲပစ်တယ်.....ဒါကြောင့် Amberဟာ Krystalကိုယ်တိုင် သူ့ကို သူ့မိသားစုအကြောင်း ပြောပြတဲ့အချိန်ကို စောင့်ပြီး Krystalကို မမေးဖို့ ဆုံးဖြတ်လိုက်တယ်.......
"Hey Krys......မနက်ဖြန်ကျရင် သူငယ်ချင်းတွေနဲ့အတူ Barကို သွားဖို့ရှိတယ် မင်း လိုက်ချင်လား......"
Krystalရဲ့ ဆံပင်တွေကို ဖွရင်း Amber မေးလိုက်သည်......ရက်တွေအတော်ကြာ အတူနေပြီးနောက် သူ့သူငယ်ချင်းတွေနဲ့ Krystalကို Amber မိတ်ဆက်ပေးချင်နေတယ်.......
Kryberတို့ အခု Krystalရဲ့ အိမ်မှာ အတူရှိနေကြတာပါ......ညစာအတူစားပြီး ဆိုဖာပေါ်မှာ ခဏအနားယူနေကြတာပါ.....Amberက Krystalရဲ့ ပေါင်ပေါ်မှာ လှဲအိပ်နေတယ်.....
"Hmmm....... ဘာလို့လည်း........နင့်ရဲ့ သူငယ်ချင်းတွေကို လှပတဲ့ချစ်သူလေးရှိကြောင်း ကြွားမလို့လား....."
Krystalက ခေါင်းငုံ့ပြီး Amberကို မေးလိုက်တယ်....."ဒါပေါ့...... သူတို့က မင်းကို တွေ့ချင်နေကြတာ အထူးသဖြင့် Luna....သူက မင်းနဲ့ တွေ့ချင်တယ်ဆိုပြီး ကိုယ့်ကို နားပူနားဆာလုပ်နေတာ.....ပြီးတော့ Sulli ......မင်းကိုသာ သူတို့နဲ့ မမိတ်ဆက်ပေးဘူးဆိုရင် ကိုယ့်ကို သူတို့ လျစ်လျူရှုထားတော့မှာ သေချာတယ်......"
Krystalရဲ့ နှုတ်ခမ်းကို နမ်းပြီး Amber ပြောလိုက်တယ်......"ကောင်းပြီလေ.....သူတို့က ငါ့ကို အရမ်းတွေ့ချင်နေတယ်ဆိုမှတော့ ငါလိုက်လာခဲ့မှာပေါ့....."
Amberရဲ့ နှုတ်ခမ်းကို ပြန်နမ်းပြီး Krystal ပြောလိုက်သည်......Amber သူ့ကောင်မလေးကို သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးမယ့်ညကို ရောက်လို့လာပါပြီ.....
အလုပ်တွေပြီးနောက် Krystalကိုခေါ်ပြီး Lunaတို့ဆီ ရောက်လာတယ်.......
YOU ARE READING
Mentally In Love With You (Trans)
Fanfiction"Why? ဘာလို့ နင်က ငါနဲ့ လမ်းခွဲချင်ရတာလည်း......." Krystal ဒေါသကြီးစွာဖြင့် သူတို့အတူ ဆင်တူဝယ်ခဲ့တဲ့ ခွက်အနီရောင်လေးကို နံရံဘက်ကို လွှင့်ပစ်ခွဲလိုက်တယ်....ခွက်ကလေးက နံရံကို ထိမှန်ပြီး Amberဘေးနားမှာ အပိုင်းပိုင်း အစစကွဲသွားတယ်...