She is mine....Only Mine

438 51 0
                                    

Krystal cafeဆိုင်​ထဲကို ၀င်​လာပြီး လူတစ်​​ယောက်​ကို လိုက်​ရှာ​နေတယ်​......

Krystalကို ​စောင့်​​နေတဲ့ လူကလည်း Krystal မြင်​​အောင်​ လက်​ကို ​ဝှေ့ ယမ်းပြလိုက်​တယ်​.....

Krystalလည်း အဲ့လူဆီကို သွားပြီး ဘာမှမ​ပြောဘဲ သူ့​ရှေ့မှာ ထိုင်​လိုက်​သည်​.......

Krystalနဲ့ မျက်​နှာချင်းဆိုင်​မှာ ထိုင်​တဲ့ လူကဘဲ တိတ်​ဆိတ်​မှုကို ဖြိုခွဲလိုက်​သည်​.....

"​သောက်​စရာ တစ်​ခုခု မှာအုံးမလား....."
Menu ကိုင်​ပြီး Krystal ကို​ ​မေးလိုက်​သည်​.....

"မမှာဘူး Yuri..........နင်​ ဘာလိုချင်​တာလည်း...."
Krystal စိတ်​ရှုပ်​စွာနဲ့ ​မေးလိုက်​သည်

"နင်​က ချစ်​စရာ​ကောင်းတဲ့ ချိုသာတဲ့ ​ကောင်​မ​လေးအ​နေနဲ့ ​နေ​နေတာဘဲ......."
Yuri Menuကို ​အောက်​ချပြီး Krystalကို ကြည့်​ကာ ​ပြောလိုက်​သည်

"ငါ လွန်​ခဲ့တဲ့ နှစ်​​တွေကတည်းက ​ပြောင်းလဲသွားပြီ......."

"Okay....လိုရင်းကိုဘဲ ​ပြောမယ်​.......နင်​ ပြန်​သွားဖို့ လိုအပ်​တယ်​....အခုထိလည်း ​သေချာ ပြန်​မ​ကောင်း​သေးဘူး​လေ......"
ဒီတစ်ခါ​တော့ Yuriရဲ့ မျက်​နှာက အတည်​တကျ ​ပြော​နေတဲ့ ပုံစံအဖြစ်​ ​ပြောင်းသွားတယ်​........

"နင်​ ဘာ​ပြောချင်​တာလည်း.....ဆရာဝန်​ဆီက လွတ်​လွတ်​လပ်​လပ်​ ​​နေလို့ရတယ်​ဆိုပြီး ခွင့်​ပြုချက်​​တောင်​ ငါ ရပြီးပြီ......"

"ဒါဆို ဘာလို့ Jessicaက ပြန်​​ပေါ်လာရတာလည်း "
Yuri ​ပြန်ပြီး ​မေးလိုက်​သည်

Krystal ဘာမှဆက်​မ​ပြောဘဲ ငြိမ်​သွားတယ်​......

Jessicaက ခဏခဏ ​ပေါ်လာတယ်​ဆိုတာ သူသိ​ပေမယ့်​ ဒီအ​ခြေအ​နေ​တွေကို ကိုင်​တွယ်​နိုင်​မယ်​လို့ ယုံကြည်​​နေတယ်

"​တွေ့တယ်​ မဟုတ်​လား Krystal......နင်​ ​ကောင်း​ကောင်းသိပါတယ်​....တစ်​စုံတစ်​​ယောက်​ကို နာကျင်​​အောင်​ မလုပ်​ခင်​ ​နောက်​ဆုတ်​လိုက်​ပါ​တော့လား......."

Krystalရဲ့ အမဖြစ်​သူ Jessica ကိုယ့်​ကိုယ်​ကို သတ်​​သေတဲ့ ​နေ့ကစပြီး သူ့ရဲ့ စိတ်​ထဲမှာ ​နောက်​​ထပ်​စိတ်​တစ်​ခုက ကြီးထွားလာတယ်​.....

Mentally In Love With You (Trans)Donde viven las historias. Descúbrelo ahora