Freedom

334 38 0
                                    

Amber နိုးလာ​တော့ သူ့​ဘေးနားမှာ Krystal က မရှိ​တော့​ပေ....ခန္ဓာကိုယ်​တစ်​ခုလုံး နာကျင်​​နေ​ပေမယ့်​ မ​နေ့ညက အမှတ်​တရ​တွေကို ပြန်​မြင်​​ယောင်​ပြီး ပြုံးလိုက်​သည်​။

Krystalက သူ့ကို သာယာမှု​ပေးခဲ့တာ​တွေ....သူက Krystalကို သာယာမှု​ပေးခဲ့တာကို ပြန်​မြင်​​ယောင်​မိ​နေတယ်

ပြတင်း​ပေါက်​အပြင်​ဘက်​ကို ကြည့်​​တော့ သာယာ​နေတဲ့ အပြာ​ရောင်​​ကောင်းကင်​ကြီးကို ​တွေ့ရသည်​။

အစက​နေ ပြန်​စလိုက်​ရသလို..ဒီ​နေ့ဟာ Amberအတွက်​ အ​ကောင်းဆုံး​နေ့တစ်​​နေ့ဖြစ်​ရမယ်​လို့ Amber ယုံကြည်​လိုက်​သည်​။

ပထမဆုံး စ​တွေ့ခဲ့တဲ့ Krystalကို ပြန်​​တွေ့​နေရသလို Amber ခံစားလိုက်​ရသည်

Amber အိပ်​ရာကထပြီး အ၀တ်​အစားတစ်​ချို့ကို ​ကောက်​ယူပြီး ​ရေချိုးခန်းထဲ ၀င်​သွားလိုက်​သည်​။

အ၀တ်​အစား​တွေ ၀တ်​ပြီး ထွက်​လာခဲ့​တော့ ​မွှေးကြိုင်​​နေတဲ့ အနံ့​ကြောင့်​ Amber Dinning Roomထဲကို ၀င်​လာသည်​။

အလုပ်​မသွားခင်​ သူ့အတွက်​ နတ်​သမီးတစ်​ပါးဟာ မနက်​စာချက်​​ပေး​နေတာကို ကြည့်​ပြီး Amber ဘ၀ဟာအရမ်းကို သာယာ​နေတယ်​.....

"Good Morning Baby...."
Krystal ရဲ့ ခါးကို ဖက်​ပြီး နှုတ်​ခမ်းကိုနမ်းကာ Amber နှုတ်​ဆက်​လိုက်​သည်​။

"Good morning.. ...'
Krystal ပြန်​နှုတ်​ဆက်​ကာ နှစ်​​ယောက်​အတူတူ မျက်​နှာချင်းဆိုင်​ပြီး မနက်​စာအတူစား​နေကြသည်​။

"အလုပ်​ပြီးရင်​ သူငယ်​ချင်း​တွေနဲ့အတူ ​လျှောက်​သွားမလို့....."
လွတ်​လပ်​​ရေးရပြီမို့ Amber ​ပြောလိုက်​သည်​။

Krystal မနက်​စာစား​နေရာမှ ရပ်​ပြီး သူ့ချစ်​သူကို ​မော့ကြည့်​ကာ အချို သာဆုံးအပြုံးနဲ့ ပြုံးပြလိုက်​ပြီး

"Okay....နင်​လည်း နင့်​သူငယ်​ချင်း​တွေကို သတိရ​နေမှာ​ပေါ့ ....ညမနက်​​စေနဲ့​နော်​....မနက်​ကျ အလုပ်​လည်းရှိ​သေး​တော့..."

Amber ​ခေါင်းညိတ်​ပြပြီး ပြုံးပြလိုက်​သည်​။ မနက်​စာစားပြီး​နောက်​ အလုပ်​မသွားခင်​ Krystalကို Amber နမ်းလိုက်​သည်​။

Mentally In Love With You (Trans)Donde viven las historias. Descúbrelo ahora