Yuriနဲ့ တွေ့ပြီးတဲ့ နောက်ပိုင်းမှာ Amberရဲ့ စိတ်ထဲတစ်ခုခုဖြစ်နေတယ်......
Yuriပြောတဲ့ စကားကို ယုံကြည်ရမလား မယုံကြည်ရဘူးလားဆိုတာကို Yuriရဲ့ စိတ်ထဲမှာ ရှုပ်ထွေးနေတယ်........
Amberရဲ့ ချစ်လှစွာသော ချစ်သူကောင်မလေးမှာ စိတ်ရောဂါရှိတယ်ဆိုတာ Amber မယုံနိုင်ဘူးဖြစ်နေတယ်.....တစ်ခါတစ်လေ Krystalရဲ့ အပြုအမူတွေက ထူးဆန်းနေတယ်ဆိုပေမယ့် အဲ့အပြုအမူတွေကြောင့်နဲ့ဘဲ Krystalမှာ စိတ်ရောဂါ ရှိတယ်လို့ လက်မခံနိုင်ပေ........
Amberရဲ့ စိတ်ထဲ သူ့သူငယ်ချင်းပြောတဲ့ စကားတွေရယ် သူ့ချစ်သူရဲ့ ပုံစံကို ပုံဖော်ကြည့်ပြီး ပဟေဠိဖြစ်နေတယ်
ဘယ်သူ့ကို သူယုံကြည်သင့်သလည်း?အခုကိစ္စတွေက သူ့ကို ခေါင်းကိုက်စေတယ်......
"Amber?"
Project Managerရဲ့ တံခါးခေါက်သံကြောင့် Amber အတွေးတွေပြတ်ပြီး လက်တွေ့ဘ၀ထဲကို ပြန်ရောက်လာခဲ့တယ်......"ဒီ projectက တကယ်အရေးကြီးတယ်နော်.....ဒါကြောင့် ငါတို့ဒီည အချိန်ပိုဆင်းရမယ်.........."
Project managerကပြောတော့ Amber ခေါင်းညိတ်ပြလိုက်သည်သူတို့ရဲ့ managerက ထွက်သွားတော့ သူ့ကောင်မလေးက အိမ်ပြန်နောက်ကျရင် စိတ်ဆိုးမယ့်အကြောင်းတွေးပြီး Amber သက်ပြင်းချမိသည်
ဒါပေမယ့် အလုပ်ကိစ္စကြောင့်ဆိုရင်တော့ Krystal စိတ်ဆိုးမှာ မဟုတ်ပါဘူးဆိုပြီး Amber ဖြည့်တွေးလိုက်သည်
ဒါနဲ့ဘဲ ချက်ချင်း အလုပ်ကိစ္စရှိလို့ အိမ်ပြန်နောက်ကျမယ်ဆိုပြီး သူ့ချစ်သူကောင်မလေးကို အကြောင်းကြားလိုက်သည်.....ပြီးနောက် အလုပ်ထဲကို အာရုံစိုက်လိုက်သည်....
"အားလုံး အလုပ်ကြိုးစားကြပါတယ်......"
Project ပြီးသွားတော့ project managerက ချီးကျူးစကား ပြောလိုက်သည်ဝန်ထမ်းအားလုံး ပင်ပန်းနေပေမယ့် Managerရဲ့ စကားကို ကြားတော့ အားရှိပြီး ပျော်သွားကြတယ်......Amber အပါအ၀င်ပေါ့.....
ESTÁS LEYENDO
Mentally In Love With You (Trans)
Fanfic"Why? ဘာလို့ နင်က ငါနဲ့ လမ်းခွဲချင်ရတာလည်း......." Krystal ဒေါသကြီးစွာဖြင့် သူတို့အတူ ဆင်တူဝယ်ခဲ့တဲ့ ခွက်အနီရောင်လေးကို နံရံဘက်ကို လွှင့်ပစ်ခွဲလိုက်တယ်....ခွက်ကလေးက နံရံကို ထိမှန်ပြီး Amberဘေးနားမှာ အပိုင်းပိုင်း အစစကွဲသွားတယ်...