Amber အိမ်ကို ပြန်ရောက်တော့ Krystalက အခုထိ မအိပ်သေးသောကြောင့် ထူးဆန်းနေ၏
Amber မီးဖွင့်လိုက်တော့ ထိုင်ခုံမှာ ထိုင်ပြီး ခက်ထန်တင်းမာတဲ့ မျက်နှာထားနဲ့ သူ့ကို စိုက်ကြည့်နေတဲ့ Krystal ကြောင့် လန့်သွားသည်။
"Omo Krystal.....မင်း ကိုယ့်ကို လန့်အောင် လုပ်နေတာဘဲ ..... ဘာလို့ မီးမဖွင့်ထားတာလည်း.. ..."
Krystalကို Amberနမ်းဖို့ ကြိုးစားပေမယ့် Krystalက Amberကို တွန်းထုတ်လိုက်သည်။
Amberလည်း သူ့ချစ်သူက သူ့ကို စနေတယ်ထင်ပြီး နောက်တစ်ခေါက် ထပ်နမ်းဖို့ ကြိုးစားသော်လည်း Krystal က တွန်းလွှတ်သောကြောင့် သူ့ရည်းစား တစ်ခုခုဖြစ်နေတယ်ဆိုတာ Amber ခံစားမိသွားတယ်
"Kry...ဘာဖြစ်နေတာလည်း....."
"ဘာဖြစ်နေတာလည်း ဟုတ်လား......" Krystal ကြောက်စရာကောင်းတဲ့ အသံကြီးနဲ့ ရယ်လိုက်သည်
"နင် ငါ့ညီမလေးကို ဘယ်လိုကြောင့် သစ္စာဖောက်ရတာလည်း ဟမ်....."
Krystal သူ့မျက်နှာကို စိတ်ရှုပ်နေတဲ့ tomboyဘက်လှည့်ကာ ပြောလိုက်သည်။Krystalရဲ့ စကားကြောင့် Amber စဉ်းစားရခက်သွားသည်။ သူ့ကောင်မလေး ပြောတဲ့ အဓိပ္ပါယ်ကို နားမလည်ပေ......Krystal တစ်ခုခုတော့ ဖြစ်နေပြီလို့ Amber သတိထားမိသည်။
"ညီမလေး....ဟုတ်လား.. ..မင်းမှာ အမဘဲ ရှိတယ်လို့ ငါ သိထားတာပါ"
Krystalရဲ့ တခါမှမဖြစ်ဖူးတဲ့ မျက်နှာပုံစံကြောင့် Amber လန့်နေတယ်"Sulliအိမ်ကို ဘာလို့ သွားတာလည်းဆိုတာ ပြောစမ်းပါ....."
"မင်း ဘယ်လိုသိတာလည်း....နေစမ်းပါအုံး မင်း ငါ့ကို လိုက်ချောင်းနေတာလား ....."
သူ တစ်ခါမှမပြောဘူးတာကို သူ့ချစ်သူက သိနေလို့ Amberအံ့သြပြီး မျက်လုံးပြူးသွားတယ်....ဒါပေမယ့် သူ့ကို သစ္စာဖောက်တယ်ဆိုပြီး မယုံတဲ့ သူ့ချစ်သူ .....အဆိုးဆုံးလုပ်ရပ်ကတော့ သူ့နောက်ကို လိုက်ချောင်းနေလို့ Amber အရမ်း ဒေါသထွက်သွားတယ်
YOU ARE READING
Mentally In Love With You (Trans)
Fanfiction"Why? ဘာလို့ နင်က ငါနဲ့ လမ်းခွဲချင်ရတာလည်း......." Krystal ဒေါသကြီးစွာဖြင့် သူတို့အတူ ဆင်တူဝယ်ခဲ့တဲ့ ခွက်အနီရောင်လေးကို နံရံဘက်ကို လွှင့်ပစ်ခွဲလိုက်တယ်....ခွက်ကလေးက နံရံကို ထိမှန်ပြီး Amberဘေးနားမှာ အပိုင်းပိုင်း အစစကွဲသွားတယ်...