Amber လမ်းပေါ်မှာ အတွေးပေါင်းများစွာနဲ့ လေလွင့်နေတယ်.....ဘယ်ကိုသွားလို့ သွားရမှန်းမသိ စိတ်တွေကလည်း အရမ်းရှုပ်ထွေးနေ၏
အရက်သောက်လိုက်ရင် ညစ်နေတာတွေ ပျောက်သွားမယ်လို့ တွေးလိုက်ပြီး Barကို သွားလိုက်သည်။
Barမှာ အရက်ပြင်းပြင်းတစ်ခွက်ကို မော့သောက်လိုက်ရင်း
"ဘယ်လိုတောင် တိုက်ဆိုင်နေတာလည်း...."
အသံလာရာကို ကြည့်လိုက်တော့ သူ့ရဲ့ ရည်းစားဟောင်း Hyuna ဖြစ်နေတာနဲ့ Amber စကားမပြောချင်လို့ လျစ်လျူရှုကာ အရက်ဆက်သောက်နေ၏"နင့်ချစ်သူနဲ့ ရန်ဖြစ်လာတာလား ဒါမှမဟုတ် လမ်းခွဲလိုက်ကြပြီလား......နင်တို့ လမ်းခွဲကြဖို့ ငါမျှော်လင့်ပါတယ်....."
Amber လျစ်လျူရှုဖို့ ကြိုးစားပေမယ့် Hyunaက သူ့ကို စိတ်တိုအောင်လုပ်နေလို့ အရက်သောက်နေရာမှ ရပ်ပြီး အိမ်သာကို သွားလိုက်တယ်
သူ အိမ်သာသွားရင်တော့ စိတ်ပျက်စရာကောင်းတဲ့ Hyunaဆီက လွတ်ပြီလို့ မျှော်လင့်ပေမယ့် Hyunaက အိမ်သာထဲထိ ၀င်လိုက်လာတယ်
"နင်က တခြားသူနဲ့ f**kနေလို့ နင့်ချစ်သူက နင့်ကို စွန့်ပစ်လိုက်တာထင်တယ်....."
Amber မျက်နှာသစ်ရင်း သူ့ရည်းစားဟောင်းရဲ့ စကားတွေကို သီးမခံနိုင်လို့ နံရံဘက်ကို တွန်းကာ Hyunaရဲ့ နှုတ်ခမ်းတွေကို ကြမ်းကြမ်းတမ်းတမ်း နမ်းလိုက်သည်
Hyuna သူ့ကို ရိုက်နေပေမယ့် Amber သူ့နှလုံးသားထဲက နာကျင်မှုက ပိုကြီးထွားနေလို့ ဘာမှမခံစားရပေ
Hyunaရဲ့ လက်ကို ချုပ်ပစ်ပြီး ကြမ်းကြမ်းတမ်းတမ်း Amber ထပ်နမ်းလိုက်သည်။
Hyuan အတင်းရုန်းနေပေမယ့် နောက်ဆုံးတော့ Amber ရဲ့ အနမ်းတွေမှာ ကျရှုံးသွားလေသည်
Hyuna အခုလို အလွယ်တကူ အရှုံးပေးလိုက်ရတာကို မုန်းပေမယ့် Amberရဲ့ အထိအတွေ့နဲ့ အနမ်းတွေကို သတိရနေခဲ့တာပါ
ESTÁS LEYENDO
Mentally In Love With You (Trans)
Fanfic"Why? ဘာလို့ နင်က ငါနဲ့ လမ်းခွဲချင်ရတာလည်း......." Krystal ဒေါသကြီးစွာဖြင့် သူတို့အတူ ဆင်တူဝယ်ခဲ့တဲ့ ခွက်အနီရောင်လေးကို နံရံဘက်ကို လွှင့်ပစ်ခွဲလိုက်တယ်....ခွက်ကလေးက နံရံကို ထိမှန်ပြီး Amberဘေးနားမှာ အပိုင်းပိုင်း အစစကွဲသွားတယ်...