Jealously

536 53 4
                                    

Kryberတို့ Relationship ဟာ တဖြည်းဖြည်းနဲ့ သာယာလှပလာတယ်​......

Krystalဟာ Amberရဲ့ အိမ်​ကို မကြာခဏ လာ​နေတတ်​တဲ့အတွက်​​ကြောင့်​ Amberတစ်​​ယောက်​ သူ့ရဲ့ အိမ်​​သော့ကို Krystalအား ​ပေးထားတတ်​သည်

Amberနဲ့ စ dateတဲ့ ​နေ့ကစပြီး Krystal သူ့အလုပ်​ချိန်​ကို ​ပြောင်းပစ်​လိုက်​တယ်​.. ...မနက်​​စော​စော အလုပ်​သွားပြီး ည​နေကျ အလုပ်​က ပြန်​လာပြီး Amber အတွက်​ ညစာ ပြင်​ဆင်​​ပေး​​လေ့ရှိတယ်

နေ့တိုင်း Amberရဲ့ အိမ်​ကို ထမင်းခြင်း​တောင်းနဲ့ Krystal လာ​လေ့ရှိတယ်​ .......

Krystal ဘယ်​သူမှ မရှိဘူးထင်​လို့ Amberရဲ့ အိမ်​တံခါးကို ဖွင့်​လိုက်​​ပေမယ့်​ အထဲမှာ လူနှစ်​​ယောက်​ရှိ​နေလို့ အံ့သြသွားတယ်​......

ပိုပြီး အံ့သြသွားတာက လူနှစ်​​ယောက်​ဟာ တစ်​​ယောက်​နဲ့ တစ်​​ယောက်​ အရမ်း ရင်းနှီး​နေတယ်​ .......

Amberက ဆိုဖာ​ပေါ်မှာ လှဲအိပ်​​နေပြီး Sulliက​တော့ ဆိုဖာကို ခွထိုင်​​နေတယ်​..... တံခါးပွင့်​လာတာ​တောင်​ မသိဘဲ နှစ်​​ယောက်​သား ရယ်​​မော​နေကြတယ်​........

Krystal​ရောက်​လာတာကို Amber သတိထားမိသွားတယ်​......ရယ်​​နေတာကို ရပ်​လိုက်​ပြီး Sulliရဲ့ တင်​ပါးကို ရိုက်​ပြီး သူ့အ​ပေါ်က​နေ ဆင်းခိုင်းတယ်​.......

"Hey Krystal......"
Amber ​ပေါ်က​နေ ဆင်းပြီး Sulli နှုတ်​ဆက်​လိုက်​တယ်​.....

"Hey Krys......."
Amberဆိုဖာ​ပေါ်က ထပြီး သူ့မိန်းက​လေးဆီ ​ပြေးသွားလိုက်​တယ်​......Krystalရဲ့ နှုတ်​ခမ်းကို နမ်းပြီး ခြင်း​တောင်းကို ယူကာ မီးဖို​အခန်းထဲ ၀င်သွားတယ်​......

သူ မြင်​ခဲ့ရတဲ့ မြင်​ကွင်းနဲ့ပတ်​သက်​ပြီး သိပ်​မ​ကျေနပ်​​ပေမယ့်​ Krystal ပြုံး​နေလိုက်​တယ်​......

Amberနဲ့ Sulliက ​မိသားစုလို ရင်းနှီးတယ်​ဆိုတာ Krystal သိ​ပေမယ့်​ အချိန်​ကြာလာရင်​ တစ်​ခုခုဖြစ်​​တော့မယ်​ဆိုတာ Krystal ခံစားလိုက်​ရတယ်

"ဒီည ဘာဟင်းလည်း......"
ခြင်း​တောင်းထဲ ​ခေါင်းထိုးပြီး Amber ​မေးလိုက်​တယ်

Mentally In Love With You (Trans)Where stories live. Discover now