You are not supposed to come

680 63 6
                                    

အဟမ်း အကြမ်း​တွေ +​တွေပါ​သော​ကြောင့်​ က​လေး​ဒွေ မုကြပါ xD

Kryberတို့ရဲ့ ပထမဆုံး Dateက တစ်​ခြားသူ​တွေလိုပါဘဲ သာမန်​လိုဘဲ စား​သောက်​တယ်​ Night Market​တွေကို သွားကြတယ်​ဆို​ပေမယ့်​ သူတို့နှစ်​​ယောက်​ ​တော်​​တော်​​ပျော်​​နေကြပါတယ်​.....

Amberက ဟာသ​တွေ​ပြောတယ်​ Krystalက ရယ်​တယ်​....သူတို့လက်​​တွေက ဘယ်​​တော့မှ မဖြုတ်​ကြဘူး တစ်​ချိန်​လုံးတွဲထားကြတယ်​.....

အချိန်​​တော်​​တော်​​လေး ကြာ​တော့ သူတို့ အိမ်​ပြန်​ကြဖို့ ဆုံးဖြတ်​လိုက်​သည်​......

Krystalရဲ့ အိမ်​အပြင်​ဘက်​မှာ နှစ်​​ယောက်​သား ရပ်​​နေကြတယ်​ .....​နောက်​ဆုံး​တော့ သူတို့နှစ်​​ယောက်​ လက်​တွဲဖြုတ်​ချိန်​တန်​ပြီ​လေ......

သူတို့နှစ်​​ယောက်​ တိတ်​ဆိတ်​ငြိမ်​သက်​စွာ ရပ်​​နေကြတယ်​......ဒါ​ပေမယ့်​ တစ်​​ယောက်​က​တော့ တိတ်​ဆိတ်​ခြင်းကို ဖြိုခွဲလိုက်​သည်​......

"ဒီ​နေ့ညအတွက်​ ​ကျေးဇူးတင်​ပါတယ်​ ​တော်​​တော်​​လေး ​ပျော်​လိုက်​ရပါတယ်​....."
Krystal ​ပြောလိုက်​သည်

"အတူတူပဲ.. ..."
Amber ​ပြောလိုက်​ပြီး သူ့​ရှေ့က ​ကျောက်​ခဲကို ကန်​လိုက်​သည်​.......

"ဒါဆို.....ငါတို့......အာ..... မင်းသိပါတယ်​......ငါ့ရဲ့ official girlfriend ....."
Amber ရှက်​ရှက်​နဲ့ ​မေးလိုက်​သည်​.....

အ၀တ်​လဲခန်းမှာ ရှိတုံးက Krystalကို နမ်းရဲတဲ့ သတ္တိ​တွေ ဘယ်​​က​ရောက်​လာတာလည်းဆိုတာ Amber မသိ​တော့ဘူး.......

"Hummm ငါ နင့်​ကို သ​ဘောကျပါတယ်​...... ဒါ​ပေမယ့် ငါတို့​တွေ့တာ ခဏ​လေးဘဲ ရှိ​သေးတယ်​​လေ.......​လေးနက်​တဲ့ Relationship ရဖို့ဆို ငါတို့ တစ်​​ယောက်​အ​ကြောင်းကို တစ်​​ယောက်​ ပိုသိမှဖြစ်​မယ်..."

"ဟုတ်​ပါတယ်​ မင်း​ပြောတာ မှန်​ပါတယ်​ ငါတို့ တစ်​​ယောက်​အ​ကြောင်း တစ်​​ယောက်​ ပိုသိဖို့ ​လေ့လာရအုံးမယ်​​လေ......"
Krystalရဲ့ အ​ဖြေ​ကြောင့်​ စိတ်​ဓာတ်​ကျသွား​ပေမယ့်​  Krystal​ပြောတာကို​တော့ amber လက်​ခံခဲ့တယ်​......

Mentally In Love With You (Trans)Where stories live. Discover now