Let's Start Over Again

570 59 6
                                    

Krystal နဲ့ ​နောက်​ဆုံး​ဖုန်း​ပြောခဲ့တာ သုံးရက်​​လောက်​ရှိ​နေပြီ...... Amberတစ်​​ယောက်​ Zombie တစ်​​ကောင်​လို ဖြစ်​​နေတယ်​.....

Amber သူ့ရဲ့ဖုန်းထဲ Missed call​တွေ့ရမလား ဒါမှမဟုတ်​ Message ၀င်​လာ​မလားဆိုပြီး ခဏခဏဖွင့်​ကြည့်​​နေ​၏

ရက်​အနည်းငယ်​ကြာ​တော့ Daniel တစ်​​ယောက်​ Amberကို အား​ပေးဖို့ ဆုံးဖြတ်​လိုက်​သည်​။

Daniel တစ်​​ယောက်​ Sulli,Victoria, တို့ကို Lunaရဲ့ ဆိုင်​မှာ စု​ဝေးဖို့ ဖုန်းဆက်​​ခေါ်လိုက်​တယ်​.....

"မင်း အခုထိ ငါတို့ကို မ​ပြော​သေးဘူးလား လွန်​ခဲ့တဲ့ ရက်​ကတည်းက အခုထိ Zombie တစ်​​ကောင်​လို ​လေးလံ​နေတဲ့ အ​ကြောင်းအရင်းကို......"
Amberကို Daniel ​မေးလိုက်​သည်

"ဘယ်​မိန်းက​လေးက ငါတို့ရဲ့ ဆွဲ​ဆောင်​မှုရှိတဲ့ Amber ကို Zombie အဖြစ်​ ​ပြောင်းလဲ​အောင်​ လုပ်​လိုက်​တာလည်း......"
Victoria က ​ပြောလိုက်​တယ်​...

"Danielရဲ့ partyမှာ ​တွေ့ခဲ့တဲ့ တစ်​​ယောက်​လား......"
Lunaတစ်​​ယောက်​ သိချင်​စိတ်​ ပြင်းပြ​နေတယ်......

Luna သူ့ဆိုင်​က စားပွဲ​တွေကို သုတ်​ရင်း ​မေးလိုက်​တယ်​......ဒါ​ပေမယ့်​ သူမရဲ့ သိချင်​စိတ်​​ကြောင့်​ လုပ်​လက်​စ အလုပ်​​တွေကို ပစ်​ချခဲ့ပြီး Amberတို့ စားပွဲဘက်​ လာထိုင်​တယ်​.....

"ငါ့ကို စိုးရိမ်​​ပေးလို့ စိတ်​ပူ​ပေးလို့ ​ကျေးဇူးပါ "
သူ့သူငယ်​ချင်း​တွေက သူ့ကို ဂရုစိုက်​​ပေးကြလို့ Amber ​ပျော်​​နေတယ်​......

ဒါ​ပေမယ့်​ ပြဿ     နာက ဘာမှန်းမသိ သူ ဘာအမှားလုပ်​မိမှန်းမသိတဲ့ အ​ကြောင်းအရာကို သူ့သူငယ်​ချင်း​တွေကို ဘယ်​လိုရှင်းပြ ​ပြောပြရမလည်းဆိုတာ Amber မသိဘူး ဖြစ်​​နေတယ်​.......

Lunaတို့မှာ Amber ကို ​မေးဖို့ ​မေးခွန်း​တွေ ရှိ​ပေမယ့်​ Amberရဲ့ ဖုန်းက ရုတ်​တရက်​မြည်​လာတယ်​.....

Amber ဖုန်းပြန်​​ဖြေပြီး ခဏကြာ​တော့ သူ့ရဲ့ မျက်​နှာက ပြုံးလာတယ်​.....

သူ့သူငယ်​ချင်း​တွေက ဘယ်​သူနဲ့​ပြော​နေတာလည်း ​မေးလို့ Amber ဆူညံ​နေတဲ့ စားပွဲဝိုင်းထဲက အပြင်​ကို ထွက်​လာတယ်​........

Mentally In Love With You (Trans)Where stories live. Discover now