Amber မျက်လုံးကို ဖွင့်လိုက်ပေမယ့် ခန္ဓာကိုယ်ကတော့ အားနည်းနေသေးသည်။
Sulli ကြိုးတုပ်ခံရတာကို မြင်တော့ ဖြည်ပေးရန် ထဖို့ ကြိုးစားပေမယ့် သူလည်း ကြိုးတုပ်ခံထားရသောကြောင့် ထမရပေ
"ကြိုးဖြည်ပေးပါ......"
Amber ရုန်းကန်ပြီး အော်ဟစ်လိုက်သည်။
Krystalကတော့ ကြမ်းပြင်မှာ ထိုင်ပြီး ရုန်းကန်နေတဲ့ tomboyကို စိုက်ကြည့်နေ၏
ရုတ်တရက် ထရယ်လိုက်တဲ့ Krystalရဲ့ ရယ်သံကြောင့် Amberမှာ သူမကို သတိထားမိသွားတယ်
Amber ရုန်းနေရာက ရပ်ပြီး Krystalကို ကြည့်လိုက်တော့ Krystal ပုံစံက သူ့ချစ်ခဲ့တဲ့ ကောင်မလေးနဲ့ မတူဘဲ ကြောက်ဖို့ ကောင်းနေတာကို တွေ့လိုက်ရသည်။
"နင့်ကို ကြိုးဖြည်ပေးပြီး သွားခွင့်ပေးရမယ် ဟုတ်လား......ငါ့ညီမကို သစ္စာဖောက်ခဲ့တဲ့ နင့်ကို ငါက လွှတ်ပေးရမှာလား...."
Krystal အရင်က ပြောနေတဲ့ လေသံနဲ့မတူဘဲ သွေးအေးပြီး တည်ငြိမ်တဲ့ ပုံစံဖြင့် ပြောလိုက်သည်Amber တံတွေးကို မျိုချလိုက်သည်။ သူ့တစ်ကိုယ်လုံးလည်း ချွေးတွေနဲ့ ရွှဲနစ်နေ၏
မူမမှန်တဲ့ Krystalကို ဘယ်လိုပြန်ပြောရမှန်း မသိပေ
Amber နှလုံးခုန်မြန်လာပြီး Yuri ပြောခဲ့တဲ့ Krystalရဲ့ အကြောင်းကို ပြန်သတိရလာသည်။
"Unnie တော်ပါတော့ Amberက chawကို ချစ်ပါတယ် "
Krystal လည်ချောင်းကွဲမတတ်အော်လိုက်သည်။ထို့နောက် မျက်လုံးတွေ နီရဲလာပြီး Amberကို စိုက်ကြည့်လိုက်သည်။
Why? ဘာလို့ နင်က ငါနဲ့ လမ်းခွဲချင်ရတာလည်း......."Krystal ဒေါသကြီးစွာဖြင့် သူတို့အတူ ဆင်တူဝယ်ခဲ့တဲ့ ခွက်အနီရောင်လေးကို နံရံဘက်ကို လွှင့်ပစ်ခွဲလိုက်တယ်....
ခွက်ကလေးက နံရံကို ထိမှန်ပြီး Amberဘေးနားမှာ အပိုင်းပိုင်း အစစကွဲသွားတယ်..... Amber ခြောက်သွေ့နေတဲ့ သူ့ရဲ့ လည်ချောင်းထဲကို တံတွေးတွေ လျှင်မြန်စွာ မျိုချလိုက်သည်....
YOU ARE READING
Mentally In Love With You (Trans)
Fanfiction"Why? ဘာလို့ နင်က ငါနဲ့ လမ်းခွဲချင်ရတာလည်း......." Krystal ဒေါသကြီးစွာဖြင့် သူတို့အတူ ဆင်တူဝယ်ခဲ့တဲ့ ခွက်အနီရောင်လေးကို နံရံဘက်ကို လွှင့်ပစ်ခွဲလိုက်တယ်....ခွက်ကလေးက နံရံကို ထိမှန်ပြီး Amberဘေးနားမှာ အပိုင်းပိုင်း အစစကွဲသွားတယ်...