ကမ္ဘာနှစ်ခု - ၁

151 6 0
                                    

"မြူ..."
အော်သံနှင့်အတူ မြူ့ ကိုတွန်းဖယ်လိုက်မှုကို ခံစားလိုက်ရသည်။ထို့နောက်~~~

"ဒုန်း"
အသံနှင့်အတူ လွှင့်ထွက်သွားသည့် မင်းကိုပိုင် ကို
မြူ တွေ့လိုက်ရသည့်အခါ

"အကို..."
အာခေါင်ခြစ်အော်ရင်း အကို့ကို မြူ ပွေ့ဖက်ထားလိုက်သည်။ သွေးအိုင်ထဲမှာ သတိုးသားဝတ်စုံနှင့် ယဲ့ယဲလေးပြုံးပြနေတဲ့ အကို့ကို
ကြည့်ပြီး မြူ အရူးတစ်ယောက်လို တတွတ်တွတ်ပြောနေမိသည်။

"အကို...မြူ့ကို တစ်ယောက်တည်း ထားမသွားပါနဲ့နော်..
မြူဆိုတာ အကို မရှိရင် တစ်ယောက်တည်း ရပ်တည်နိုင်တဲ့သူ မဟုတ်ဘူးဆိုတာ အကို သိပါတယ်၊
မြူ အကို့ကိုချစ်တယ်၊ အရမ်းချစ်တယ်၊ချစ်တယ်"

မျက်ရည်တွေ ဗလပွနဲ့ မြူ ပြောချင်ရာပြောမိသည်။
တခြားသူတွေ နားမလည်ရင်နေပါစေ၊ အကိုကတော့
နားလည်လိမ့်မည်လေ။

အသက်ကို ခက်ခဲစွာ ရှူသွင်းရင်း မင်းကိုပိုင် စိတ်ချဖြစ်မိ
သည်။ သူမရှိရင် ဒီပျော့တိပျော့ညံ့ကောင်လေး ကြမ်းတမ်းတဲ့ လောကကြီးကို တစ်ယောက်တည်း
ဘယ်လိုဖြတ်သန်းမလဲ? သက်ပြင်းတစ်ချက်ကို
လေးပင်စွာ ချရင်း နောက်ဆံတင်းနေမိသည်။
ထို့နောက် အားယူကာပြုံးပြကာ မြူ့မျက်နှာပေါ်မှ
မျက်ရည်စက်များကို သူနောက်ဆုံးအကြိမ် သုတ်ပေးနေမိသည်။

"မြူ...အကို သိပါတယ်၊ မြူအကို့ကို သိပ်ချစ်တယ်
ဆိုတာ၊ အဲ့လိုပဲ အကိုလည်း မြူ့ကို အရမ်းချစ်တယ်
ဆိုတာ မြူသိမှာပါ၊ အကို မရှိတော့ရင်~~~

"ဆက်မပြောပါနဲ့ အကိုရယ်... အကိုမရှိတော့ရင်ဆိုတဲ့
အတွေးမျိုး မြူတွေးတောင်မတွေးရဲဘူး
အဟင့်...အဟင့်"

ပြောလက်စ စကားပင် မဆုံးသေး သူ့နှုတ်ခမ်းကို လက်နဲ့ပိတ်ကာ တားလိုက်တဲ့ မြူ...

"မြူ...အား...

သူ့ ဦးခေါင်းမှ နာကျင်မှုကို စူးခနဲ ခံစားရကာ အမြင်အာရုံများ ဝေဝါးလာသည်။ သူ့နားထဲမှာ သူနောက်ဆုံးကြားလိုက်ရသည်က

ကမ္ဘာနှစ်ခုWhere stories live. Discover now