တံခါးဖွင့်ပြီး ဝင်လိုက်သည်နှင့် မြင်တွေ့လိုက်ရသည်က
သူမ မျှော်လင့်ထားသလို မြင်ကွင်းမျိုး မဟုတ်ခဲ့။ စာရေးနေကြသော ကျောင်းသားအချို့နှင့် ဆရာ
ဖြစ်ဟန်တူသော မိန်းမချော ချောသည့် ကောင်လေး
တစ်ယောက်ကို တွေ့လိုက်ရသည်။ထိုစဉ်~~~
ကော်ဖီခွက်နှစ်ခွက်ကိုင်ကာ ထမင်းစားခန်းမှ ထွက်လာသော ကိုမင်းက ..."ဟင်...မှူး"
ပြာပြာသလဲနှင့် သူမဆီပြေးလာကာ လက်ကိုဆွဲခေါ်ပြီး
အပြင်ထွက်လာခဲ့သည်။"မှူး...ဘယ်လိုလုပ်ပြီး ဒီကို ရောက်လာတာလဲ?"
"မှူး လမ်းထိပ်မှာ ကိုမင်းကားကို တွေ့လိုက်လို့
suprise လုပ်မလို့ နောက်က လိုက်လာခဲ့တာ"သူ...ဘာပြောရမှန်းမသိ....။
"ဒါနဲ့ ကိုမင်းက ဒီမှာ ဘာ လုပ်နေတာလဲ???"
"ဒါ...ရန်နိုင့် တိုက်ခန်းလေ၊ ဒီကောင် ပိုက်ဆံမတတ်နိုင်တဲ့ ဆယ်တန်းကလေးတွေအတွက် ပရဟိတ စာသင်ဝိုင်း
ဖွင့်ထားပေးတာ၊ အဲ့ဒါ ကိုယ်လည်း ဘာများလိုအပ်မလဲ
ဆိုပြီ: ကူညီရအောင် ဒီကို ခဏခဏ လာဖြစ်နေတာ"စိတ်အိုက်နေသည့်ပုံစံ နှင့် ပြာပြာသလဲ ဖြေရှင်းချက်ပေး
နေသော ကိုမင်းပုံစံက normal မဟုတ်ဘူးဟု မှူးထင်သည်။ သို့သော် တိုက်ခန်းထဲတွင် သူမ သံသယ
ဖြစ်စရာ အရိပ်အယောင်မျိုးလည်း မတွေ့ခဲ့ရပေ။"ဟွန်း...ကိုရန်နိုင် နဲ့ ကိုမင်းက ပရဟိတ လုပ်နေတယ်
ဆိုတာ မှူးကိုတောင် မပြောဘူး...ဒိုင်လျှိုလုပ်နေတယ်
ပေါ့လေ...ဘာလဲ မှူးကို ကုသိုလ်ခွဲပေးရမှာ ကြောက်
လို့လား???"မျက်စောင်းလေးဝင့်ကာ ဝင့်ကာ နှင့် ချစ်စဖွယ် ပြောဆို
နေသော ကောင်မလေး၏ ရှေ့တွင် မျက်နှာမကောင်းဘဲ
ရပ်နေသော မင်းကိုပိုင်ကို တိုက်ပေါ်မှကြည့်နေရင်း
အကြောင်းပြချက်မရှိ မြူစိတ်တိုလာသည်။ ဘရိတ်ဓားနှင့် ခဲတံချွန် ဟန်ဆောင်ကာ ပြတင်းပေါက်မှ
ကြည့်နခြင်းဖြစ်သောကြောင့် အာရုံလွဲသွားသည့်အခိုက်
ဘရိတ်ဓားက မြူ့လက်ကို ရှသွားသည်။
YOU ARE READING
ကမ္ဘာနှစ်ခု
Romancefic တွေကို အရမ်းစွဲလန်းတဲ့ ကောင်လေးတစ်ယောက် တစ်နေ့မှာ မထင်မှတ်ဘဲ ... သူအရမ်းကြိုက်တဲ့ fic လေးထဲကို ကိုယ်တိုင် ဇာတ်အကောင်အဖြစ်နဲ့ ဝင်ရောက်သွားတဲ့အခါ~~~