ကမ္ဘာနှစ်ခု - ၎

54 4 0
                                    

အိမ်ထဲကို ဝင်လိုက်သည့်အခါ မြူ တွေ့လိုက်ရသည်က
ဟိုတစ်နေ့က ကယ်တင်ရှင်အကိုကြီးပင် ဖြစ်လေသည်။
ထို့ကြောင့် မြူ အရမ်း ဝမ်းသာသွားသည်။ အဲ့ဒီနေ့က ကျေးဇူးတင်စကားပင် မပြောလိုက်ရသောကြောင့် မြူ့စိတ်ထဲတွင် မတင်မကျဖြစ်နေခဲ့ရသည် မဟုတ်ပါလား။ ထို့ကြောင့် ထိုအကိုကြီးကို မြူ လှိုက်လှိုက်လှဲလှဲ ရယ်ပြမိသည်။

ရယ်လိုက်သည့်အခါ ထွက်ပေါ်လာသော သွားတက်ချွန်ချွန်လေးတွေ နှင့် ထိုကောင်လေးကို ကြည့်ပြီးသူ့ရင်ခုန်သံတွေထိန်းမရအောင် မြန်ဆန်လာသည်။

"သူ......သူက"
သူအထစ်ထစ် အငေါ့ငေါ့နှင့် လက်ညှိုးထိုးကာ ရန်နိုင့်
ကို မေးလိုက်သည်။

"အော်...သူက ဒေစီ ရဲ့ ဂိုက်ဆရာလေ၊ နာမည်က
မြူမင်းလွင် တဲ့"

"မြူမင်းလွင်"
သူ့နှုတ်ဖျားမှ တီးတိုးရွတ်ဆိုမိသည်။
ကောင်လေးမှာ မိန်းမချော ချောလွန်းသည့်အတွက်ကြောင့် အခြောက်များလားဟု သိချင်စိတ်က ချုပ်တည်းရ်ျ မရနိုင်အောင် ပြင်းထန်လာခဲ့သည်။ထို့ကြောင့် ရန်နိုင့်ကို တီးခေါက်ကြည့်ဖို့ သူကြိုးစားလိုက်သည်။

"ဒေစီ ရဲ့ ဆရာက လူပုံကြည့်တော့လည်း ပျော့တိပျော့ဖတ်၊ လမ်းလျှောက်တော့လည်း နွဲ့တီနွဲ့နှောင်းနဲ့... မင်းဟာက ကြည့်ရတာ မျက်စိထဲ ထော်လော်ကန့်လန့် ဖြစ်နေတယ်၊ ဘာလဲ မင်းညီမ အတွက် စိတ်မပူရအောင် အခြောက်များ တမင် ရှာထားတာလား?"

Sorry ပါ ကောင်လေးရာ ၊ ငါ မင်းကို စကားနဲ့ထိုးနှက်ဖို့
မရည်ရွယ်ပါဘူး စိတ်ထဲမှ သူတောင်းပန်လိုက်သည်။

"ဟာ...ငမင်းကလည်းပြောတော့မယ်၊ အဲ့ဒါ ခြောက်တာ
မဟုတ်ဘူး သိမ်မွေ့တာကွ"

"ဘယ်လို ... သိမ်မွေ့တာဟုတ်လား?"

"ဒီလိုဟ ငမင်းရ၊ သူတို့မိသားစုမှာ အဖေက သူအသက်
၅နှစ်သားအရွယ်ကတည်းက ယာဉ်တိုက်မှုနဲ့ ဆုံးသွားခဲ့တယ်၊ သူ့အမေကတော့ ဆုံးသွားတာ ငါးနှစ်ပဲ
ရှိဦးမယ်။ သူ့မှာ နွေနှင်းမြူ ၊ မိုးနှင်းမြူ နဲ့ ဆောင်းနှင်းမြူ ဆိုတဲ့ အမ သုံးယောက်ရှိတယ်။ သုံးယောက်လုံးက ဆရာမတွေနော် ဆရာ...ပေါ့ပေါ့လေး မလိုက်ထင်နဲ့၊ အကုန်လုံးထူးချွန်ကြတယ်။ အမကြီး နွေနှင်းမြူ
က တက္ကသိုလ်ကပါမောက္ခ၊ အမလတ် မိုးနှင်းမြူ ကတော့အ.ထ.က(၄) ကျောင်းအုပ်၊ အငယ်မ ဆောင်းနှင်းမြူကအထက်တန်းပြ ဆရာမ ငါ့မောင်ရေ၊ အဲ့လိုစည်းကမ်းတင်းကြပ်တဲ့အမတွေရဲ့လက်အောက်မှာ နေလာတော့သူ့ပုံစံက ခေါက်ရိုးကျိုးနေသလို ဖြစ်နေတာဗျ၊ သူကရုပ်ကလေးကလည်း မိနိးမချောချော၊ အနေအထိုင်ကလည်း သိမ်မွေ့ဆိုတော့ ဟိုကွာ... ဘယ်လိုပြောရမလဲ လိင်တူကြိုက်တဲ့ လူတွေရဲ့ချဉ်းကပ်မှု ကို ခဏ ခဏ ခံနေရတာပေါ့ကွာ"

ကမ္ဘာနှစ်ခုWhere stories live. Discover now