ဒီလူကြီး မြူ့အိမ်နားတစ်ဝိုက်ကို တဝဲလည်လည် လာလုပ်နေတာ ဘာသဘောလဲ? ထားပါ သူ့အကြောင်း
မတွေးချင်ဘူး၊ မှန်ပါသည်၊ မြူသည် လူတစ်ယောက်
အပေါ်ကောင်းပြီဆိုရင်လည်း စေတနာကမ်း စီးပြိုတတ်
သလို မုန်းပြီ ဆိုရင်လည်း လှည့်ကိုမကြည့်ချင်သူရယ်ပါ။မြူ မှေးခနဲ အိပ်ပျော်သွားစဉ် အိမ်ရှေ့မှာ ရယ်သံလိုလို
နားထဲကြားရရ်ျ အအိပ်ဆတ်သောမြူ ဆတ်ကနဲ နိုးလာသည်။ မြင်ရသော မြင်ကွင်းကိုပင် မယုံနိုင်အောင်
ဖြစ်မိသည်။ မမကြီး၊ မမလတ် နှင့် စကားလက်ဆုံ
ကျကာ ရယ်မောနေသောသူ... မင်းကိုပိုင် ဆိုသည့်
လူကို တွေ့လိုက်ရသည်။"ဟော်...အငယ်လေး နိုးပြီပဲ၊ အငယ်လေး ဒီလာထိုင်ဦး"
မမကြီး နှင့် မမလတ်တို့ ရှေ့မှာမို့ မြူ့ဒေါသကို ချွန်းအုပ်
ပြီး မှင်သေသေ ဝင်ထိုင်လိုက်သည်။"ဒီမှာ...ကိုမင်းကိုပိုင်က မြူ့ကိုအလုပ် အပ်ချင်လို့တဲ့လေ"
"အလုပ်...???"
"ဟုတ်တယ် မြူရဲ့၊ ကိုယ်တို့ရက်ကွက်ထဲက ကျူရှင်
မတက်နိုင်တဲ့ ဆယ်တန်းကျောင်းသားလေးတွေကို
ဂိုက်ပြပေးဖို့ အဲ့ဒါ မြူ့ကို အကူအညီလာတောင်းတာ""ဟာ...မဖြစ်ဖူးထင်တယ်၊ မြူက အများဆုံး တစ်ဝိုင်းကို
လူ ငါးယောက်လောက်ပဲ ဂိုက်ပြဖူးတာ၊ လူအများကြီး
ဆို မြူနိုင်မှာမဟုတ်ဘူး"အမှန်တော့ မြူ ... သူနှင့် အလုပ် တွဲမလုပ်ချင်ရ်ျ
ငြင်းဆန်နေခြင်းတာဖြစ်သည်။"လူက အများကြီး မဟုတ်ပါဘူး၊ ကိုးယောက်တည်းပါ "
"အငယ်လေး ဟိုတစ်ခါကပြောတော့ ကျောင်းသား ဆယ်ယောက်ဝိုင်း တစ်ဝိုင်းလောက် စာပြကြည့်ချင်တယ်
ကိုယ့်အရည်အချင်းကို တိုးမြှင့်ကြည့်မလို့ဆို.."ကျွတ်...အလိုက်မသိဘဲ မိချောင်းမင်း ရေခင်းပြနေပြန်ပြီ မလတ်ကတော့ စိတ်ထဲကျိတ်ကာ မြူ ပြောမိသည်။
YOU ARE READING
ကမ္ဘာနှစ်ခု
Romancefic တွေကို အရမ်းစွဲလန်းတဲ့ ကောင်လေးတစ်ယောက် တစ်နေ့မှာ မထင်မှတ်ဘဲ ... သူအရမ်းကြိုက်တဲ့ fic လေးထဲကို ကိုယ်တိုင် ဇာတ်အကောင်အဖြစ်နဲ့ ဝင်ရောက်သွားတဲ့အခါ~~~