ကမ္ဘာနှစ်ခု - ၁၂

24 3 0
                                    

ဒိုင်ယာရီ ရေးခြင်းကို ကျွန်တော် အလွန်နှစ်သက်သည်။
သို့သော် ထိုကဲ့သို ဒိုင်ယာရီ ရေးခြင်းသည် ကျွန်တော့်
ဘဝအတွက် ကံဆိုးမှု တစ်ခုအဖြစ် ရောက်လာခဲ့ ပေသည်။ ထို့သို့ ဖြစ်လာမည်ကို ကျွန်တော် ကြိုသိခဲ့ပါက
ဘယ်တော့မှ ကျွန်တော် ဒိုင်ယာရီကို ရေးခဲ့မည် မဟုတ်ပေ။

ဒေါ်မေမီကိုတစ်ယောက် မဝင်တာကြာပြီဖြစ်သော သား၏ အခန်းထဲကို ဝင်ခဲ့သည်။ သူမ သုံးလတရားစခန်း
ဝင်ခဲ့သည့်အချိန်မှစရ်ျ ယခုပြန်ရောက်တာ ကြာပြီ ဖြစ်သော်လည်း ပြန်ရောက်ရောက်ချင်း စီစဉ်စရာ အလုပ်ကိစ္စတွေက များရ်ျ သားကို ကောင်းကောင်း
ဂရုမစိုက်ခဲ့မိပေ။ လူတွေကို အလွယ်တကူ မယုံတတ်သောသူမသည် အိမ်တွင် အိမ်ဖော်တောင် မထားပေ။ ချက်ပြုတ်ခြင်းမှစရ်ျ တစ်အိမ်လုံး၏ သန့်ရှင်းရေးကို သူမ အချိန်ရရင် ရသလို လုပ်လေ့ရှိသည်။ သား၏ အခန်း သန့်ရှင်းရေး အပါအဝင်ပေါ့။

ဟော...သူမ ထင်သည့်အတိုင်း သားဟာ အိပ်ရာခင်း
တောင် လှဲမထားခဲ့ချေ။ သူမ စိတ်ကြိုက် အခန်းကို
သန့်ရှင်း ရှင်းလင်းကာ အိပ်ရာခင်း အသစ်လှဲထားပေး
လိုက်သည်။ စာကြည့်စားပွဲပေါ်၌လည်း စာအုပ်တွေက
စီစီရီရီမရှိ။ သူမ စာအုပ်တွေ စီထပ်ပေးရင်း အမှတ်မထင် လက်နှင့်တိုက်မိကာ စာအုပ်တစ်အုပ်က
ကြမ်းပြင်ပေါ် ပြုတ်ကျသွားသည်။

"ဘုတ်"

ဘာရယ်မဟုတ် ကောက်ယူလိုက်ရင်း သူမ ဖတ်ကြည့်မိ
သည့်အခါ...

"အမလေး....ဘုရား...ဘုရား"

သူမ မျက်လုံးတွေပြူးကျယ်ကာ ရင်ထဲ၌ တလှပ်လှပ် တုန်ရီလာပြီး ကမ္ဘာကြီးတစ်ခုလုံး ဇောက်ထိုးမိုးမျှော် ဖြစ်သွားသလို ခံစားလိုက်ရတာကြောင့်
နီးရာ ထိုင်ခုံပေါ် အမြန် ထိုင်ချလိုက်ရသည်။ သားဟာ သူမရဲ့ တစ်ဦးတည်းသော မျိုးဆက်ပါ။
သားကို ဘယ်လိုမှ အဲ့လိုမျိုး အဖြစ်မခံနိုင်ပေ။
သူမသားဟာ ယောကျာ်းလေးတစ်ယောက်ကို ချစ်နေ
သတဲ့လား။ ဟင့်အင်း...မဖြစ်ရဘူး။ အဲ့လို ဘယ်တော့မှ
မဖြစ်ရဘူး။

မင်းကိုပိုင်ကတော့ ချစ်ရသူနှင့် အဆင်ပြေနေသော ကြောင့် အူမြူးကာ လေတချွန်ချွန်နှင့် အိမ်ထဲဝင်လာသည်။

ကမ္ဘာနှစ်ခုWhere stories live. Discover now