ကမ္ဘာနှစ်ခု - ၅

47 4 0
                                    

သူ အရက်ကို လူမှန်းသူမှန်း မသိအောင်သောက်သည်။
တစ်ယောက်တည်း မူးပြဲကွဲနေသည်။ ရုံးကိုလည်းမသွား
အလုပ်ကိုလည်း ယုံကြည်ရသော မန်နေဂျာ ဦးထွန်းခင်နှင့်
လွှဲထားလိုက်သည်။ မေမေ မရှိလို့သာ တော်သေးသည်။
မေမေက မိုးကုတ်ဝိပဿနာ သုံးလ တရားစခန်း သွားဝင်
နေသည်။ပြီးတော့ မှူးရတနာတို့မိသားစုကလည်း စင်္ကာပူရှိ သူမအဒေါ်ထံ သွားလည်နေသည်ဖြစ်ရ်ျ သူ့စိတ်ကိုသူစိတ်တိုင်းကျ ဖောက်ခွဲပစ်နေသည်။သူ့မှာ သူရောဂါနှင့်သူ မဟုတ်ပါလား။ လိင်တူကြိုက်သော
သူ့အဖြစ်...ဒါ လူဖြစ်ရှူံးတာ မဟုတ်ဘူးလား???
ဟင့်အင်း...သူလက်မခံနိုင်ဘူး၊ ကိုယ့်ကိုယ်ကိုယ်
စက်စုပ်မုန်းတီးမိသည်၊ ရွံရှာမိသည်။ ဒါပေမဲ့လည်း
သူ မူးလာတိုင်း ယောင်အော်မိတဲ့ နာမည်လေးတစ်ခုက
"မြူ"....

"ဟာ...တောက် ဘာလဲကွာ..." လက်သီးနှင့် နံရံကို
ထပ်ခါ ထပ်ခါ ထိုးပစ်လိုက်သည်။ သွေးတွေက
တစ်စက် တစ်စက် ကြမ်းပြင်ပေါ် စီးဆင်းလို့....။

●●●~~♡♡~~~~~♡♡♡♡♡♡~~~~~~♡♡~~●●

သူ အဖျားကြီးနေသည်။ ဒီရက်ပိုင်း ပေပေတေတေ
နေခဲ့သမျှ အခုမှ ဒဏ်ခံနေရသည်။ ဆိုဖာပေါ်တွင်
သူလူးလှိမ့်ရင်း ညည်းညူနေမိသည်။

မြူ သည် ခါတိုင်းလိုပင် ဂိုက်ပြပြီး ပြန်လာရာ အိမ်နား
အရောက်... လူတစ်ယောက်က မိမိရှေ့လာပိတ်ရပ်လိုက်
သဖြင့် သေချာကြည့်လိုက်ရာ ကိုမင်းပိုင်စိုး ဖြစ်နေလေ
သည်။ အကိုရယ် မြူဖြင့် လန့်သွားတာပဲဟု ပြောရန်ပြင်လိုက်စဉ် ရုတ်တရက် ရင်ခွင်ထဲ ဆွဲသွင်းခံ လိုက်ရပြီး မိမိနှုတ်ခမ်းကို ခပ်ကြမ်းကြမ်းအနမ်းခံလိုက်
ရလေသည်။ မျက်လုံးများပြူးကျယ်ကာ လန့်ဖျပ်နေရာမှ ဒေါသကအလိပ်လိုက်ထွက်လာသည်။

"ခင်များကြီး ဒါဘာလုပ်တာလဲ ?"
သူ့ကိုတွန်းထုတ်ပစ်လိုက်သည်။ မင်းပိုင်စိုး ဆိုသည့်
လူက မြေပြင်ပေါ်တွင် ဒီအတိုင်းလှဲကျနေသည်။
ပြန်လည်းထမလာသလို တုတ်တုတ်မျှလည်းမလုပ်။
ဒါတော့ မဟုတ်သေးဘူး ငါများအားအရမ်း ပါသွားလို့လား? မြူ တွေးကာ ....

ကမ္ဘာနှစ်ခုWhere stories live. Discover now