ကမ္ဘာနှစ်ခု - ၁၁

19 2 0
                                    

မြူ တိုက်ခန်းတံခါးဖွင့်ပြီး ဝင်ခဲ့သော်လည်း ထိုပုဂ္ဂိုလ်ကြီးကိုမတွေ့...။

"အဟွန်း...မရှိဘူးထင်တယ်"

မြူ့ စိတ်တွေ ပေါ့ပါးသွားသည်။ သူ့ကို မရှိစေချင်တာ
မဟုတ်ပေမယ့် သူရှိနေရင် မြူနည်းနည်းတော့
အနေကြပ်သည်လေ။ လူကို စိုက်ကြည့်နေသော
သူ့မျက်ဝန်းတွေကြောင့် စာသင်နေစဉ်အတွင်း... အယောင်ယောင် အမှားမှား ဖြစ်ရသည်
မှာလည်း တစ်ခါနှစ်ခါမကတော့...။
ကျောင်းသားတွေလည်း မလာသေးတာကြောင့် မြူနားရန်အတွက် သူစီစဉ်ကာ ပြုလုပ်ပေးထားသော
အခန်းငယ်ထဲရှိ ကုတင်ပေါ်တွင် မြူ ခြေပစ်လက်ပစ်
လှဲချကာ မှိန်းနေလိုက်သည်။ခဏအကြာ Luxဆပ်ပြာနံ့
သင်းသင်းလေးက မိမိနှာခေါင်းထဲ တိုးဝင်လာပြီး
မိမိမျက်နှာပေါ် အုပ်မိုးလာသော အရိပ်တစ်ခုကြောင့်
မြူ အလန့်တကြား မျက်လုံးဖွင့်ကြည့်လိုက်စဉ်

"ဟင်....ခင်များ"

မြူ ရုတ်တရက် ထလိုက်တာကြောင့် သူ့နှာဖူးနှင့်
မြူ့ နဖူး ဂဟေဆက်သွားသည်။

"ဒုတ်...."$$☆☆##@@

"အ..."

"ချာတိတ် ... အရမ်းနာ သွားလား?"

"နာတာပေါ့ ခင်များက လုပ်လိုက်ရင် အရမ်းပဲ"

"ကိုယ် ဘာမှ မလုပ်ရသေးဘူးနော်"

မချိုမချဉ်နှင့်ပြောသော သူ့မျက်နှာပေးကြောင့်
မြူ ရင်ခုန်သံတွေ မြန်ဆန်လာသည်။ ယခုမှ သူ့ကို သေချာ ကြည့်မိတော့ ကိုယ်ပေါ်တွင် ခါးအောက်ပိုင်း၌
တဘက် တစ်ထည်သာရှိသောသူ။ သူဟာ ဘယ်လိုပဲ
ကြည့်ကြည့် တကယ့်ကို ခန္ဓာကိုယ် တောင့်တင်းကာ
sexy ကျသောသူပါ။ မြူ့လို ဖြူဖပ်ဖြူရော် မဟုတ်။

"ဟိတ်... ဘာငေးနေတာလဲ??? ကိုယ် အရမ်းကြည့်ကောင်းနေတယ် မဟုတ်လား???"

"ငပေါကြီး"

"ဘာာာာ....လာစမ်း ဒီကို..၊ ကိုယ် ငပေါ မဟုတ်မှန်း
သိစေရမယ်...လာ"

ကမ္ဘာနှစ်ခုWhere stories live. Discover now