ကမ္ဘာနှစ်ခု - ၁၀

26 4 0
                                    

ဆေးရုံကို မည်သို့မည်ပုံရောက်ခဲ့မှန်း မြူမသိ၊ မြူ့စိတ်ထဲတွင် သူ့ကို စိုးရိမ်တာပဲ သိသည်။ အခန်းတံခါး ဖွင့်လိုက်သည်နှင့် တွေ့လိုက်ရသည်က ခေါင်းမှာ ပတ်တီး
အဖွေးသားနှင့် နှုတ်ခမ်းတွေ ဖြူဖျော့စွာလှဲလျောင်းနေ သည့်သူ....။ ခြေစုံရပ်ပြီး မြူကြောင်ကြည့်နေမိသည်။

"မြူ...ဒီလာထိုင်"
မြူ သူ့ကုတင်ဘေးတွင် ဖြေးညင်းစွာ ထိုင်ချလိုက်သည်။

"ကိုရန်နိုင် ဆရာဝန်က ဘာ..ဘာပြောလဲ???"

"ငမင်း ဒီနေ့အတွင်း သတိရလာမှ ဖြစ်မယ်တဲ့၊ မဟုတ်ရင် အသက်အန္တရာယ် စိုးရိမ် ရတယ် "

"အသက်အန္တရယ်....!"
သူမရှိတော့ရင်ဆိုသည့် အတွေးက တွေးမိလိုက်ရုံနှင့်ပင်
မြူ့ရင်ကို နာကျင်စေသည်။
"ကိုမင်းကိုပိုင်...ခင်များဒီလို မတရားလုပ်လို့ မရဘူး၊ ကျွန်တော့် အနားမှာအမြဲ အရိပ်တကြည့်ကြည့်နဲ့ ရှိနေတတ်တာ ဘယ်သူလဲ?ကော်ဖီသောက်ချင်တဲ့ အချိန်ကော်ဖီ အလိုက်တသိနဲ့ ဖျော်ပေးလာပြီး... အိပ်ငိုက်နေတဲ့အချိန် ကျွန်တော့်ခေါင်း နဲ့ စားပွဲ တိုက်မိမှာစိုးလို့ လက်အကျဉ်ခံပြီး ထိန်းထားပေး
ခဲ့တဲ့ ခင်များရဲ့ မေတ္တာတွေ ကျွန်တော် မမြင်ဘူးလို့
ခင်များထင်လား??? ခင်များရဲ့ အကြင်နာတွေနဲ့
ဂရုစိုက်တတ်တဲ့ အပြုအမှုတွေ အောက်မှာ ကျွန်တော့်
နှလုံးသား လှုပ်ရှားခဲ့တယ်၊ ဒါပေမယ့်ပြစ်တင်ပြောဆို
ဝေဖန်ကြမယ့် လူတွေရဲ့ ပါးစပ်ဆိုတဲ့ စက်သေနတ်ကို
ကျွန်တော်ကြောက်ခဲ့တယ်၊ အဲ့ဒီ စက်သေနတ်က
သေတာထက် ဆိုးတဲ့ နာကျင်တဲ့ စကားတွေကို ဖန်တီးနိုင်
တယ်ဆိုတာ ခင်များသိလား ဟမ်??? ကျွန်တော် သတ္တိမရှိခဲ့ဘူး။ အဲ့ဒီအတွက်ခင်များ အခု ကျွန်တော့်ကို ဒဏ်ခတ်လိုက်တာလား?၊ဟင့်အင်း...အဲ့လို မလုပ်ပါနဲ့၊ ကျွန်တော် အခုကစပြီးသတ္တိရှိပါ့မယ်၊ ခင်များသာ ကျွန်တော့်အနားရှိပေးမယ်ဆိုရင် ကျွန်တော် အားလုံးကို လျစ်လျူရှူ့လိုက်ပါ့မယ်၊ကျွန်တော် ခင်များကို ချစ်တယ်"

သူ့လက်ကို ဆုပ်ကိုင်ကာ ဒေါသတကြီးနှင့် မျက်ရည်တွေဝေ့ကာ ပြောဆိုနေသော ချာတိတ်...။
"ကျွန်တော် ခင်များကို ချစ်တယ်"
"ကျွန်တော် ခင်များကို ချစ်တယ်"
"ကျွန်တော် ခင်များကို ချစ်တယ်"

ကမ္ဘာနှစ်ခုWhere stories live. Discover now