ဒီနေ့ သူမင်္ဂလာဆောင်မည့်နေ့...။
ပြုံးရယ်ခြင်းအလျဉ်းမရှိတဲ့ သူ့မျက်နှာဟာ
သတိုးသားမှ ဟုတ်ရဲ့လားဟု အထင်မှားလောက်စရာ အခြအနေပင်...။သို့သော် သူသည် မကြာမီ အချိန်ပိုင်းအတွင်းမှာ
မင်္ဂလာဆောင်တော့မည့် သတိုးသား အသစ်စက်စက်ပင်
ဖြစ်သည်။မင်္ဂလာပွဲနီးကပ်လာလေလေ သူ့စိတ်တွေ တုန်လှုပ်
ခြောက်ခြားလာလေလေဖြစ်သည်။ မြူ နှင့် သူ အမှန်တကယ်ဝေးရတော့မည်လား??? သူ စိတ်ဓာတ်ကျစွာထိုင်နေမိသည်။"ကလစ်.."
တံခါးဖွင့်သံနှင့်အတူ ရန်နိုင် ဝင်လာသည်။
ထို့နောက် သူ့လက်ထဲ ရောက်လာသော သော့တွဲလေး...။"ဒါ...ဒါ..."
"ဟုတ်တယ် ငမင်း...မြူ အခုပဲ လာပေးသွားတာ"
"သူ အခု ဘယ်မှာလဲ?"
"သော့ ပေးပြီးပြီးချင်း လှည့်ပြန်သွားတာ...၊
မင်းတို့နှစ်ယောက်ကို ငါနားမလည်တော့ဘူး တစ်ယောက်ကိုတစ်ယောက် ချစ်နေလျှက်နဲ့
ဘာလို့ ဒုက္ခရှာနေကြတာလဲ?ဟိုတစ်ယောက်ကလည်း
ငိုထားတယ်ထင်ပါ့ မျက်လုံးတွေကို ရဲလို့"သူ မနေနိုင်တော့...ဟုတ်တယ် သူဘာလို့ ဒီမှာနေရမှာလဲ?
ချစ်သူကို စိတ်ချမ်းသာစေချင်လို့မှ မှားယွင်းနေတဲ့ လမ်း
ကို သူလျှောက်ဖို့ ဆုံးဖြတ်ခဲ့တာလေ၊ အခု မြူ က ငိုနေတယ်ဆိုတော့..... မြူ စိတ်မချမ်းသာဘူးပေါ့ သူ အခန်းပြင်ပြေးထွက်ခဲ့လိုက်သည်။"သားက အဆင်သင့်ဖြစ်နေပြီပဲ...ကဲလာ..မင်္ဂလာပွဲ
စတော့....""သား....နေဦး...ဘယ်သွားမလို့လဲ .... သား..."
"အန်တီ ဘာဖြစ်လို့လဲ ..ကိုမင်းဘာဖြစ်လို့လဲ?"
"သမီး...သားကို လိုက်တားပါဦး သမီးရယ်
အခုပဲ အပြင်ထွက်ပြေးသွားတယ်""မြူ..."
အော်သံနှင့်အတူ မြူ့ ကိုတွန်းဖယ်လိုက်မှုကို ခံစားလိုက်ရသည်။ထို့နောက်~~~"ဒုန်း"
အသံနှင့်အတူ လွှင့်ထွက်သွားသည့် မင်းကိုပိုင် ကို
မြူ တွေ့လိုက်ရသည့်အခါ
YOU ARE READING
ကမ္ဘာနှစ်ခု
Roman d'amourfic တွေကို အရမ်းစွဲလန်းတဲ့ ကောင်လေးတစ်ယောက် တစ်နေ့မှာ မထင်မှတ်ဘဲ ... သူအရမ်းကြိုက်တဲ့ fic လေးထဲကို ကိုယ်တိုင် ဇာတ်အကောင်အဖြစ်နဲ့ ဝင်ရောက်သွားတဲ့အခါ~~~