ချစ်သူနှင့် အဆင်ပြေနေရ်ျ ဝမ်းသာနေသော မြူတစ်ယောက် အိမ်ထဲဝင်ဝင်ချင်း ခံစားလိုက်ရသည်က
ပါးပြင်တစ်ဖက် ထူပူကာကျိန်းစပ်သွားသော ခံစားမှု။
မျက်ရည်အရွှဲသားနှင့် တုန်ရင်နေသောလက်ပိုင်ရှင်က မမကြီး။ ဒီအသက်အရွယ်ထိ ကျွန်တော့်ကို ရိုက်ဖို့မပြောနှင့် ရွယ်ပင်မရွယ်ခဲ့သောသူ။ မောင်တစ်ယောက်ဆိုတာထက် သားတစ်ယောက်လို
ချစ်မြတ်နိုးကာ ဂရုစိုက်ခဲ့သူ။ မလတ်နှင့် မငယ်ဆူဆဲလျှင်ပင် မကြိုက်တတ်သော မမကြီးက ယခု
သူ့ကိုရိုက်သည်တဲ့လေ။ ပါးပြင်က ဒဏ်ရာထက် ရင်ထဲက ပိုနာကျင်၏။"ဘာဖြစ်လို့လဲ မမကြီးရယ်...ကျွန်တော် ဘာအမှားလုပ်မိလို့လဲ?"
အငယ်လေးကို ရိုက်မိသည့်အတွက် ကိုယ့်ကိုယ်ကိုယ်
အံ့ဩလို့မဆုံး၊ သို့သော် ဒီအချိန်မှာ သူမပျော့ညံ့နေလို့
မဖြစ်။"မင်းယောကျာ်းလား မိန်းမလား မြူမင်းလွင်"
အငယ်လေးဟု ချစ်စနိုးခေါ်ဝေါ်တတ်သော မမကြီးသည်
အခုတော့ သူစိမ်းဆန်စွာ မြူမင်းလွင်တဲ့။"ဘယ်လိုမေးလိုက်တာလဲ မမကြီးရယ်"
သူဆို့နစ်စွာ ပြန်မေးမိတော့ မငယ်က သူ့လက်ကိုဆွဲကာ
အခန်းထဲခေါ်သွားသည်။ သူ ဘာကိုမှနားမလည်နိုင်။"အငယ်လေး ... မင်းကိုပိုင်နဲ့ မင်း ဘယ်လို
ပတ်သတ်မှုမျိုးလဲ?"ရုတ်တရက် သူ့ခေါင်းပေါ် မိုးကြိုးပစ်ချလိုက်သလို
ခံစားလိုက်ရသည်။ ဒါဆို မမကြီးစိတ်ဆိုးတာ...။
သူ့ကိုယ်သူ ရှက်ရွံ့သိမ်ငယ်နေမိသည်။ မငယ် ရှေ့မှ
အငွေ့ပျံသလို ပျောက်ကွယ်သွားချင်သည်။ သူ့မှာအဖြေမရှိ။ခေါင်းငိုက်စိုက်ချကာ စကားမဆိုပဲ မျက်ရည်တွေ
ကျနေသော အငယ်လေး...အငယ်လေးကို ကြည့်ပြီး
သူမ သဘောပေါက်လိုက်သည်။ ခါတိုင်းဆိုလျှင် အငယ်လေးကို ထိပ်ဆုံးက ဆူပူမာန်မဲတတ်သူက သူမပဲ
ဖြစ်လိမ့်မည်။ အခုတော့ သူမ အငယ်လေးကို သနားမိသည်။ ကိုယ်ချင်းစာမိသည်။ အဘယ်ကြောင့်
ဆိုသော် လွန်လေပြီးသောအတိတ်၏အရိပ်ထဲတွင်
သူမသည်လည်း ယခုအိမ်ထောင်ကျပြီး ကလေးပင် ရနေပြီဖြစ်သော ယမုံဖူး ဆိုသည့် သူငယ်ချင်းမလေးကို
လူမသိအောင် တိတ်တိတ်လေး ချစ်ခဲ့ဖူးသည် မဟုတ်ပါလား။ ခေါင်းငိုက်စိုက်ချကာ အသံမထွက်ဘဲ
ကြိတ်ငိုနေသော အငယ်လေးကို ထွေးပွေ့လိုက်ပြီး
ဦးခေါင်းကိုပွတ်ကာ နှစ်သိမ့်ပေးနေမိသည်။ ထိုအခါ
YOU ARE READING
ကမ္ဘာနှစ်ခု
Romancefic တွေကို အရမ်းစွဲလန်းတဲ့ ကောင်လေးတစ်ယောက် တစ်နေ့မှာ မထင်မှတ်ဘဲ ... သူအရမ်းကြိုက်တဲ့ fic လေးထဲကို ကိုယ်တိုင် ဇာတ်အကောင်အဖြစ်နဲ့ ဝင်ရောက်သွားတဲ့အခါ~~~