ကမ္ဘာနှစ်ခု - ၇

36 4 0
                                    

အချိန်ကြာလာလေ...မင်းကိုပိုင်ဆိုသည့် လူကြီး၏ အချစ်ကို မြူ နားလည်လေ ဖြစ်ခဲ့သည်။ မိမိကို မထိရက် မကိုင်ရက်နှင့် အဝေးကပင် လှမ်းငေးနေတတ်သော သူ့မျက်ဝန်းရဲ့ အဓိပ္ပါယ်တွေကို  မြူဘာသာပြန် တတ်ခဲ့ပြီ။ ဒါပေမဲ့  သူ့အချစ်တွေကို ပြန်တုန့်ပြန်ဖို့ မြူလည်း မတတ်နိုင်။ လောကရဲ့ ပညတ်ချက် စည်းတွေကို မြူ သွေဖည်မည်မဟုတ်။
စိတ်မကောင်းပါဘူး ကိုမင်းကိုပိုင်...ကျွန်တော်
ဇာတ်တူသား မစားဘူး။

~~~~~~♤♤♤♤♤~~♡~~♤♤♤♤♤~~~~~~

အခုတလော ကိုမင်းကို ကြည့်ရတာ တစ်မျိုး ဖြစ်နေသည်။ ပြီးတော့ သူမကို ရှောင်နေသလို ခံစားရသည်။ ထို့ကြောင့် သူမ စုံစမ်းကြည့်ဖို့
လှုပ်ရှားလိုက်ပါတော့သည်။

"သူဌေး မရှိပါဘူး ခင်ဗျ...အစည်းအဝေး သွားပါတယ်"

"ရတယ်...မှူးလည်း အားနေတာမို့ ထိုင်စောင့် နေလိုက်မယ်၊ ဦးထွန်းခင် လုပ်စရာရှိတာ သွားလုပ်ပါ"

ကိုမင်း၏ ရုံးခန်းထဲရှိ ဆိုဖာပေါ်တွင် ခြေချိတ်ထိုင်ကာ
ကိုယ့်ဘာသာကိုယ် fb သုံးနေလိုက်သည်။
မှေးကနဲ အိပ်ပျော်သွားရာမှ အပြန်အလှန် နှုတ်ဆက်နေ
သည့်စကားသံတွေနှင့် ခြေသံအချို့ကြောင့်
မှူး ဆတ်ကနဲ နိုးလာခဲ့သည်။ ဝန်းထမ်းအချို့
ထမင်းချိုင့်တွေ ၊ အိတ်တွေနှင့် ကိုယ်စီ ကိုယ်စီ
သူသူငှာငှာ ရုံးဆင်းနေကြလေပြီ။ ကိုမင်းကတော့
တစ်နေ့လုံး ပျောက်ချက်သားကောင်းစွာ။
အစည်းအဝေးပြီးတော့ အိမ်ပဲ တန်းပြန်သွား တာများလား။ ထို့နောက် မှူးရတနာအိမ်ပဲ ပြန်လာခဲ့လိုက်
သည်။

"အော်...သမီးမှူး၊ နိုင်ငံခြားက ပြန်လာပြီးကတည်းက
အန်တီ့ကို စိမ်းကားသွားလိုက်တာ ဟွန်း....ဒါတောင် ဟိုဘက်အိမ်နဲ့ ဒီဘက်အိမ် ခြံစည်းရိုးပဲခြားလို့နော်"

"မဟုတ်ပါဘူး အန်တီကလည်း... သမီး သင်တန်းတွေ တက်နေရလို့ပါ"
ပြောပြောဆိုဆိုနှင့် အန်တီ့ခါးကို နောက်မှ လှမ်းဖက်ကာ
မိချွဲ လုပ်လိုက်လေသည်။  အန်တီ မေမီကို ရဲ့
အကြောင်းကို သူမ အသိဆုံးပဲမလား???

ကမ္ဘာနှစ်ခုWhere stories live. Discover now