ကမ္ဘာနှစ်ခု - ၂

85 5 0
                                    

ရှေ့မှမြင်နေရသော မြင်ကွင်းက သူ့မျက်ဝန်းထဲတွင် စိတ်ဝင်စားစရာကောင်းနေသည်ဘယ့်နှယ့် ယ်လိုကြီးပါလိမ့် သူတွေးရင်း စိတ်ဝင်စားကာ
ကြည့်နေမိသည်။ မှန်ပါသည် သူတွေ့မြင်လိုက်ရသည်က
ကောင်လေး တစ်ယောက်ကို ကောင်လေးနှစ်ယောက်က
လိုက်နှောက်ယှက်နေသည့်အဖြစ်၊ အမှန်ဆို ကောင်မလေး တစ်ယောက်ကို ကောင်လေး နှစ်ယောက်က လိုက်နှောက်ယှက်နေခြင်းမျိုးသာ
ဖြစ်သင့်လေသည်။ သူကြည့်နေဆဲမှာပင် ရှေ့မှ ကောင်လေးမှာ သူ့ကိုမြင်တွေ့သွားပြီး လှမ်းပြုံးပြလေ
သည်။ သူဇဝေဇဝါ ဖြစ်သွားသည်။ ဘာတုန်းဟ ငါ့ကို
ပြုံးပြတာလား??? သူ့ဘာသာသူပြောပြီး နောက်ကို
လှည့်ကြည့်လိုက်သည်။ ညအမှောင်ထဲတွင် ဒီလမ်းထဲ၌ သူမှလွဲရ်ျ ခွေးတစ်ကောင် တစ်မြည်းတောင် မရှိချေ။
ထို့နောက် ကောင်လေးက သူ့ဆီ ပြေးလာကာ

"အကို မြူ့ကို လာကြိုတာလား?"
ပြောပြောဆိုဆိုနှင့် သူ့လက်မောင်းကိုလာတွဲသည်။
သူရုတ်တရက် ကြောင်သွားပြီး ရပ်နေရမှ လက်ကို
ဆွဲဖြုတ်ရန် ဟန်ပြင်လိုက်စဉ် သူ့ကို မျက်ဝန်းများနှင့်
အသနားခံနေသော ကောင်လေးရဲ့ သိသာပျက်ယွင်း
နေသည့် မျက်နှာငယ်လေးကြောင့် သူမလုပ်ရက်ဘဲ
ကောင်လေး ပခုံးကို ပြန်ဖက်လိုက်မိသည်။

"အွန်း...ဘာလို့ကြာနေတာလဲ? အကိုစိတ်ပူလို့ အိမ်ကနေ
ထွက်လာကြိုတာ၊ ဒါနဲ့ သူတို့က ဘယ်သူတွေလဲ?"

မျက်နှာကို လိုတာထက်ပိုတင်းပြီး သူပြောလိုက်သည်။
သူ့မျက်နှာထားနှင့် တောင့်တင်းသော သူ့ body ကြောင့်
ချာတိတ်နှစ်ကောင် မျက်နှာပျက်ပြီး တစ်ယောက်နှင့်
တစ်ယောက် လက်တို့ကာ နောက်ကို တစ်ချိုးတည်း
လစ်ပြေးသွားကြသည်။

ထိုအခါ စိတ်လျှော့လိုက်ဟန်တူသော ကောင်လေးမှာ
တွဲထားသည့်လက်ကို ဖြုတ်လိုက်ရာမှ လူကတစ်ချက်
ယိုင်သွားပြီး လှဲကျမလို ဖြစ်သွားရ်ျ သူအလျင်အမြန်
ဖမ်းထိန်းပေးလိုက်သည်။ ကောင်လေးရဲ့ ခန္ဓာကိုယ်က
သူ့ရင်ခွင်ထဲ နစ်ဝင်သွားသည်။ အိစက်နူးညံ့နေသော
ခန္ဓာကိုယ် အထိအတွေ့ကြောင့် သူချွေးပျံလာပြီး
ရင်ခုန်သံတွေ မြန်ဆန်လာသည်။ ထို့ကြောင့် သူ
လန့်ဖျန့်ပြီး ကောင်လေးကို တွန်းထုတ်လိုက်သည်။

ကမ္ဘာနှစ်ခုWhere stories live. Discover now