သူ့တွင် ပိုင်ဆိုင်မှု ဟူရ်ျ ဘာမျှ မကျန်သော်လည်း မြူ့နာမည်နှင့် ဝယ်ထားသော တိုက်ခန်းလေးတော့
ရှိနေသေးသည်။ ထိုတိုက်ခန်းလေးတွင် ကျန်တော်တို့
ဘဝကို စတင်ခဲ့၏။ ထိုတိုက်ခန်းလေးထဲတွင်
အမှတ်တရများစွာ ရှိ၏။ ထိုတိုက်ခန်းလေးထဲတွင်...။သူ့နှာခေါင်းထဲတွင်မဆလာနံ့ သင်းသင်းလေးက နေရာ
နေရာယူလာသည်။ သူအိပ်ချင်မူးတူးနှင့် မျက်လုံးဖွင့်ကြည့်မိတော့ ဘေးမှာ မြူ ကမရှိ။
နာရီကြည့်မိတော့ အချိန်ကား မနက် ၆နာရီပင် ရှိသေးသည်။ မြူက ဘာလို့ အစောကြီးထတာလဲ?သူ ထမင်းစားခန်းထဲ ဝင်လိုက်တော့ မီးဖိုချောင်ထဲတွင်
ချွေးတရွှဲရွှဲနှင့် ဟင်းချက်နေတဲ့မြူ....။"ဟုတ်သား....ငါ ဘာလို့ ထမင်းစားခန်းထဲ အဲယားကွန်း မတပ်မိတာလဲ???" သူတွေးနေဆဲ....
"အကို နိုးနေပြီလား? အစောကြီး ရှိသေးတာကို
သွား......ပြန်အိပ်""ကိုယ့် ကို သာ ပြောနေတာ ၊ မြူကရော အစောကြီး
ဘာထလုပ်တာလဲ?""ဒီနေ့ အကို အလုပ်စဝင်မယ့်နေ့လေ၊ အဲ့ဒါ အကို ရုံးယူ
သွားဖို့ ထမင်းချိုင့်ထည့်ပေးချင်လို့ ရုံးချိန်အမှီပြီးအောင်
ချက်ပြုတ်နေတာ""မြူရယ် အပင်ပန်းခံစရာ မလိုပါဘူးကွာ၊ ကိုယ် အပြင်မှာ ဖြစ်သလို..."
ပြောလက်စစကားပင်မဆုံးသေး ရှည်လျားသွယ်လျတဲ့
လက်ချောင်းလေးတွေက သူ့နှုတ်ခမ်းကို လာပိတ်သည်။"ဆက်မပြောပါနဲ့ အကို....မြူ မကြိုက်ဘူး၊ အမြဲ
အကို့အိမ်မှာ ကောင်းကောင်းမွန်မွန်စားခဲ့ရလို့
အပြင်စာတွေဆို အကို မစားနိုင်တာသိတယ်၊ လမ်းဘေးကအသုတ်ကို ကောင်းတယ်နော် မြူ ပြောပြီး
မြူ နဲ့ အတူ ဝင်ထိုင်စားခဲ့ပေမယ့် ခဏလေး ကိုယ်
tiolet ဝင်လိုက်ဦးမယ် ဆိုပြီး tiolet ထဲမှာ အကို
အန်နေတာ မြူ တကယ် ရင်နာတယ်သိလား""မြူ ... မင်း ဘယ်လိုလုပ်သိ..." သူစကားပင်
ဆက်မပြောနိုင်ဘဲမျက်ရည်တွေကျနေတဲ့ ကိုယ့်ရဲ့ကလေးကို ရင်ခွင်ထဲ
ဆွဲသွင်းကာ နှစ်သိမ့်ပေးနေမိသည်။
YOU ARE READING
ကမ္ဘာနှစ်ခု
Romancefic တွေကို အရမ်းစွဲလန်းတဲ့ ကောင်လေးတစ်ယောက် တစ်နေ့မှာ မထင်မှတ်ဘဲ ... သူအရမ်းကြိုက်တဲ့ fic လေးထဲကို ကိုယ်တိုင် ဇာတ်အကောင်အဖြစ်နဲ့ ဝင်ရောက်သွားတဲ့အခါ~~~