"ဗျာ..."
"ဗျာ မနေနဲ့ အငယ်လေး ...၊ မငယ်နဲ့ မင်းကိုပိုင် ဆွေးနွေးပြီးပြီ၊ သူတောင် အိမ်ကဆင်းလာခဲ့ပြီ"
ထိုလူကြီးက ကျွန်တော့်အတွက် သူ့အိမ်က ဆင်းလာခဲ့
သည်တဲ့လား??? ဒါဆို ကျွန်တော်ကရော ဘာလို့
အချစ်အတွက်နဲ့ မစွန့်စားရဲရမှာလဲ။ အဲ့ဒီနောက်
မငယ်ရဲ့ ကူညီမှုနဲ့ ကျွန်တော်ရယ်...မင်းကိုပိုင်ဆိုတဲ့
လူကြီးရယ် ငွေဆောင်သို့...။ရန်ကုန်ကနေ Asia Dragon express ကားနဲ့ ည၈နာရီခွဲမှာ ငွေဆောင် သို့ထွက်ခဲ့ပြီး မနက်၂နာရီခွဲခန့်၌ central hotel သို့ရောက်သည်။
အခန်းထဲ ရောက်ရောက်ချင်း မင်းကိုပိုင်က အိပ်ရာထဲ
လှဲချလိုက်သော်လည်း ကျွန်တော်ကတော့ အခန်းရဲ့အနောက်ဘက်ရှိ တံခါးမှ ဝရန်တာဆီသို့
ထွက်ကာ ပင်လယ်ရဲ့ လှိုင်းပုတ်သံကို နှစ်သက်စွာ
နားထောင်ပြီး ပင်လယ်ကို ငေးကြည့်နေမိသည်။
ထို့နောက် နွေးထွေးသော ရင်ခွင်ကျယ်တစ်ခုက ကျွန်တော့်ကို ထွေးပိုက်လာသည်။ ပင်လယ်ရဲ့ လှိုင်းပုတ်
သံနှင့်အတူ ကျွန်တော့်ရင်ခုန်သံ စည်းချက်က ကိုက်ညီစွာ......။•••••••••••••••••••••♡♡♡•••••••••••••••••••••••
နဖူးထက်သို့ ဖှေးတင်လာသော အနမ်းနွေးနွေး။
မဖွင့်ချင် ဖွင့်ချင်နှင့် ကြည့်လိုက်တော့ ရှိုးစမိုးအပြည့်နှင့်
မင်းကိုပိုင်။"အွန်း....ဘာလဲ"
"ဘာလဲရမှာလဲ ချာတိတ်ရာ ၊ မနက်စာသွားစားမယ်လေ"
မနက်စာဆိုသည့် အသံကြားသည်နှင့် အရောင်တောက်ပ
လာသော မျက်ဝန်းလေးတွေ။ မင်းဟာ တကယ် ကလေး
ပါပဲ မြူ....။"ခဏစောင့် ဆယ်မိနစ်လောက်ပဲ အချိန်ပေး...ok"
"ok"
ရေချိုးခန်းကထွက်လာပြီး အဝါရောင်ခေါင်းစွပ် လက်ရှည်ကို စွပ်ချကာ အဖြူရောင် ဂျင်းပန်နှင့်
ကောင်လေးက အရောင်အဝါ ထွန်းလင်းလျှက်။
သူကတော့ အဖြူရောင်စွပ်ကျယ်လက်ပြတ်နှင့်
အနက်ရောင်ဂျင်းကို ရိုးရှင်းစွာ ဝတ်ဆင်ထားသည်။
စွပ်ကျယ်လက်ပြတ်မို့ သူ့ရဲ့ တောင့်တင်းတဲ့ body အချိုးအစားက ရှင်းလင်း ထင်ပေါ်စွာ။
YOU ARE READING
ကမ္ဘာနှစ်ခု
Roman d'amourfic တွေကို အရမ်းစွဲလန်းတဲ့ ကောင်လေးတစ်ယောက် တစ်နေ့မှာ မထင်မှတ်ဘဲ ... သူအရမ်းကြိုက်တဲ့ fic လေးထဲကို ကိုယ်တိုင် ဇာတ်အကောင်အဖြစ်နဲ့ ဝင်ရောက်သွားတဲ့အခါ~~~