ကမ္ဘာနှစ်ခု - ၉

23 4 0
                                    

ညည့်နက်သထက် နက်လာသော်လည်း မြူ အိပ်မပျော်နိုင်။ နေ့ခင်းက ဒေစီ့အိမ်စာသွားပြစဉ်
ကိုရန်နိုင် မိမိအား ပြောခဲ့သော စကားများကို ထပ်ခါထပ်ခါပြန်လည်တွေးတောနေမိသည်။

"မြူသိလား...? အကို့ သူငယ်ချင်းက တွေ့သမျှ ယောက်ျားလေးတိုင်းကို စိတ်ဝင်စားတဲ့ အခြောက်
တစ်ယောက်မဟုတ်ဘူး"

"ဗျာ.."

ဆိုင်းမဆင့် ဗုံမဆင့် နှင့် စကားအစပ်အဆက် မရှိဘဲ
ပြောလာသော ကိုရန်နိုင်၏ စကားကြောင့် မြူ
အာမေဋိတ်ပင် ထွက်သွားသည်။

"ဟုတ်တယ်မြူ...၊ အကို ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်၊
အကိုတို့လည်း ဒီအသက်အရွယ်ပဲ ရောက်နေပြီ၊
မိန်းကလေးအတွေ့အကြုံတွေလည်း ရှိခဲ့ပါတယ်၊
ဒါပေမဲ့ မြူနဲ့ စတွေ့ပြီး နောက်ပိုင်း ငမင်း ရုတ်တရက်
ပြောင်းလဲသွားခဲ့တယ်၊ မြူ့ကိုချစ်ခဲ့တယ်။ အဲ့ဒီအတွက်
သူကိုယ်တိုင်လည်း ရှောခ့်ရခဲ့တာပဲ၊ သူ့ကိုယ်သူ
လူဖြစ်ရှူံးပြီ ၊ သူအခြောက် ဖြစ်နေပြီဆိုပြီး စိတ်ဓာတ်တွေကျခဲ့တယ်၊ ယူကြုံးမရ ဖြစ်ခဲ့တယ် မြူ၊
မြူမှတ်မိလား? မြူ့ဆီသူလာသောင်းကျန်းလို့ သူ့ကို
အကိုပြန်လာခ်ါခဲ့ရတဲ့ညလေ။ အဲ့ည ပြီးတော့ နောက်နေ့
အကိုတို့ စမ်းသပ်မှုတွေ လုပ်ခဲ့ကြတယ်၊ တခြား ယောက်ျားလေးတွေနဲ့ ပတ်သတ်ပြီး သူ့မှာခံစားချက်
မရှိဘူး၊ မြူ့တစ်ယောက်တည်းအပေါ်မှာပဲ သူ့ခံစားချက်
တွေ ဖြစ်တည်နေတာ၊ ဒါကြောင့် မြူ သူ့ကို အထင်မလွဲ
ဖို့နဲ့ သေချာလေးစဉ်းစားပေးဖို့ အကို မေတ္တာရပ်ခံချင်တာ
ပါ...မြူ please"

~<<<~~~~~~♡♡♡~~~♡~~~♡♡♡♡~~~~~>>>~

အခုတလော အဲ့ဒီမှူးဆိုတဲ့ ကောင်မလေးဟာ မြူတို့စာသင်ခန်းကို အိမ်ဦး နဲ့ ကြမ်းပြင်လို ဝင်ထွက်နေ
တော့တာ၊ ကိုရန်နိုင်ပြောပြထားရ်ျ သူမဟာ တစ်နေ့
ကိုမင်းကိုပိုင် ၏ မဟေသီဖြစ်လာမည့်သူဆိုတာရယ်၊
ဒီအိမ်က သူ့အိမ် မဟုတ်ဘဲ မြူနှင့် တွေ့ဆုံခွင့်ရချင်ရ်ျ
တိုက်ခန်းဝယ်ကာ ကလေးတွေအတွက် ပရဟိတ
စာသင်ဝိုင်းဖွင့်ပေးခဲ့တာရယ် အားလုံးအကုန်သိထားပြီး
ဖြစ်သ်ာလည်း ဒီတိုက်ခန်းကို မြူ့နာမည်ပေါက်နှင့် ဝယ်ထားခြင်းကိုတော့  မြူ မသိခဲ့ပေ။

ကမ္ဘာနှစ်ခုWhere stories live. Discover now