နံနက်ခင်း၏စူးရှလှစွာသောနေရောင်ခြည်ကြောင့် ဈာန်လင်းသော် အိပ်မှုန်စုန်မွှားဖြင့်နိုးလာသည်။လက်တစ်ဖက်ကလည်း ဟိုစမ်းသည်စမ်းဖြင့်။
"ဟင် ဒါဘာကြီးလဲ ငါဘာကြီးစမ်းမိတာလဲ ပျော့စိစိနဲ့"
်ထူးဆန်းသောအထိအတွေ့ကြောင့် မျက်လုံးတို့အား အားယူပြီးဖွင့်လိုက်သောအခါ..
"အားးး ဘယ်သူကြီးလဲ ဘာမှလဲမဝတ်ထားဘူး သူခိုးကတော့ဒီလိုအိပ်မာမဟုတ်ဘူး "
ရုတ်တရက်မိမိဘေးတွင် တွေ့လိုက်ရသောသူကြောင့် အလနိ့တကြားဖြင့် ထိုလူအားကန်တင်ပေါ်မှ ကန်ချလိုက်မိသည်။
"အမလေး နာလိုက်တာ ငါ့ခါးတော့ကျိုးပါပြီ ဘယ်ကလေကဝလဲကွ ငါ့ဂိုနာအောင်လုပ်တာ"
"ဟင် ထိုက် ထိုက်ကိုဇေ "
"ဘာလား ကို ကိုဈာန်😨"
"မင်း မင်း မငိးက ငါ့အခန်းထဲဘယ်လိုရောက်နေတာလဲ အ အင်္ကျိလဲမပါဘူး"
"ကျနေည်လည်းဘယ်လိုရောက်လာမှန်းမသိဘူး ကို ကိုဈာန်လည်း ဘာ ဘာမှ မဝတ်ထားပါလား"
ထိုမှဈာန်လင်းသော်လည်း ကိုယ့်ဘာသာကိုယ်ငုံ့ကြည့်ပြီး အလျင်စလိုစောင်ဂိုဆွဲခြုံလိုက်ရသည်။
"Arr ငါဘာမှမမှတ်မိတော့ဘူး လောလောဆယ် မင်းအင်္ကျီမင်းပြန်ဝတ်စမ်းပါကွာ သွား သွား"
"ကျ ကျနော်က ဘာကြီးနက်ဖုံးပြီးထရမာလဲ ကိုဈာန်ကမှစောင်ရှိသေးတယ် ယောင်္ကျားလည်းသိက္ခာနက် ရှက်တတ်တယိဗျ"
"ကဲပါကွာ ငါဟိုဘက်လှည့်နေမယ် ကုတင်ပေါ်ကမင်းအဝတ်အစားတွေသာမြန်မြန်ဝတ်ပြီး အလုပ်တက်ဖို့ပြင် ပြီးတော့ ငါတို့ညကဘာတွေဖြစ်ခဲ့လဲဆိုတာ ဘယ်သူမှပြန်မပြောပြနဲ့နေိာ"
"စိတ်ချပါဗျာ ကိုဈာန်သာ နှုတ်လုံပါစေ ကျနော်ညကဘာဖြစ်ခဲ့လည်း ပြန်စဉ်းစားအုံးမယ် ဟိုဘက်လှည့်တော့ ထလာတော့မယိ"