💋အမိန့်​​တော်​ep-30

6.3K 262 12
                                    

"ကျွတ်​စ်​ မင်းဘာကိစ္စလဲ"

အမြွှာ​လေး​တွေ​ပျောက်​လို့စိတ်​ဆင်းရဲ​နေရတဲ့အထဲ အခန်းတံခါးဖွင့်​ဝင်​လာ​သောသူမ​ကြောင့်​ပိုစိတ်​ရှုပ်​ရသည်​....မနက်​တည်းကက​လေး​လေး​တွေဘယ်​လို​ပျောက်​သွား​ကြောင်းထိုင်​စဉ်းစား​နေတာ...ဘယ်​တုန်းကမှဒီ​လောက်​ထိဦး​နှောက်​​ခြောက်​မခံဖူး​ပေမဲ့ အချစ်​ဆုံးသူငယ်​ချင်းဝမ်းနည်း​နေတာမြင်​ရ​တော့လည်းစိတ်​မ​ကောင်း ကိုယ့်​အပြစ်​လဲပါ​တော့ဒီတိုင်းထိုင်​ကြည့်​​မ​နေနိုင်​..

"ဘာရယ်​လို့​တော့မဟုတ်​ပါဘူး ရှိန်းခန့်​လင်းဒီ​နေ့ခွင့်​ယူထားတယ်​ဆိုလို့ သူမရှိတုန်းလွတ်​လွတ်​လပ်​လပ်​စကား​ပြောမလားလို့"

"ငါအခုမင်းနဲ့စကား​ပြော​ပေးရ​လောက်​​အောင်​အားယား​နေတာမဟုတ်​ဘူးဖူးရ​သော်​"

Laptop screen​ပေါ်ရှိfileအချို့်ကို mouseတစ်​လုံးဖြင့်​ဟိုနှိပ်​ဒီနှိပ်​လုပ်​ရင်း အလုပ်​များချင်​​ယောင်​​ဆောင်​လိုက်​သည်​ သို့​ပေမဲ့သူမဘက်​ကဇွဲမ​လျှော့..

"ဖူးလာမှအလုပ်​များချင်​​ယောင်​​ဆောင်​မ​နေပါနဲ့ ဒီကလည်းလာချင်​လို့လာတာမဟုတ်​ဘူး အ​ရေးကြီးကိစ္စ​ပြောစရာရှိလို့လာခဲ့တာ ဝိုင်​​သောက်​ရင်း​ပြောကြတာ​ပေါ့"

စကားအဆုံးမှာလက်​ခုပ်​နှစ်​ကြိမ်​တီးလိုက်​​တော့အလုပ်​စားပွဲ​ပေါ်သို့ သူမရဲ့အတွင်း​ရေးမှူးဖြစ်​ဟန်​ရှိ​သော​ကောင်​မ​လေးတစ်​​ယောက်​ချက်​ချင်းဝိုင်​ခွက်​နှစ်​ခွက်​နှင့်​​ဈေးကြီး​ပေးရဟန်​ရှိ​သောဝိုင်​ပုလင်းကိုယူလာ​ပေးသည်​...

"​ပြော မင်းဘာ​ပြောချင်​လို့လဲ တစ်​ခု​တော့ရှိတယ်​ ​ပြောပြီးတာနဲ့မြန်​မြန်​ထွက်​သွား "

"​အေး​ဆေး​ပေါ့ဝိုင်​​လေး​သောက်​လိုက်​ပါအုံး"

မနက်​တည်းက​အ​တွေးများဖြင့်​လွန်​​နေသည်​ကတစ်​​ကြောင်း ​ရေဆာ​နေ​ပေမဲ့ကိုယ်​ကိုတိုင်​ကသွားယူဖို့ပျင်း​နေသည်​ကတစ်​​ကြောင်း သူမယူလာခဲ့​သောဝိုင်​ကိုသာရေဆာ​ပြေအဖြစ်​​သောက်​ချလိုက်​သည်​..🍷

💋အမိန့်​​တော်​(completed)Where stories live. Discover now