ရေကူးသင်ပေးဖို့မနားတမ်းပြောနေတဲ့သူမကြောင့် စိတ်ရှုပ်နေတုန်း ညီ့်ကိုအားကိုးခေါ်မလို့လှည့်ကြည့်လိုက်တာ ကျနော်အရမ်းချစ်ရတဲ့ထိုက်ကိုဇေကိုမတွေ့ရဘဲ hotelကရေမကူးရဆိုပြီးကန့်သတ်ထားတဲ့ ကြိုးအနီဧရိယာထဲကနေ ညီ့မျက်နှာတစ်ဝက်လောက်ကိုပဲလှမ်းတွေ့ရတော့တယ်။အကူအညီအော်ဟစ်တောင်းဖို့ရာလည်း မျက်နှာတစ်ဝက်လောက်ကရေထဲမှာဆိုတော့ သူတတ်နိုင်သမျှအင်အားလေးနဲ့လက်နှစ်ဖက်ဝှေ့ရမ်းပြနေတယ်ထင်ပါရဲ့။ရက်စက်တာတော့မဟုတ်ဘူး ကျနော့်ရှေ့မှာဖေဖေနဲ့မေမေသေသွားတဲ့ပုံစံကိုမြင်ပြီးကတည်းက လူတွေကိုလွယ်လွယ်နဲ့မသနားတတ်တော့ဘူး။ဘယ်သူ့က်ုမှလည်းမချစ်တတ်တော့ဘူး။ညီက ကျနော်ပထမဆုံးရူးရူးမိုက်မိုက်နဲ့အသိစိတ်ပျောက်အောင်ကိုချစ်ပေးဖို့အမိန့်ပေးခဲ့တဲ့ တစ်ယောက်တည်းသောသူလေ။ကျနော်ဘယ်လောက်ပဲမသနားတတ်ဘူးပြောပြော ညီ့ကိုတော့ကယ်ကိုကယ်ရမယ် ညီမရှိရင်ကျနော်သေသွားနိုင်လို့။
"ညီ ညီ ထပါအုံး "
ကျနော်သိတဲ့အသက်ကယ်နည်းအတိုင်းရင်ဖတ်ကိုအဆက်မပြတ်ဖိနှိပ်ပေးနေပေမဲ့ သတိပြန်ရမလာတဲ့ညီကြောင့် ရူးချင်စိတ်ပေါက်နေပြီ။
"ညီ ရေ ကိုယ့်ကိုမစပါနဲ့ ထပါတော့"
"......."
"အဟွတ် အဟွတ်"
ဟူး တော်ပါသေးရဲ့ နှုတ်ခမ်းကနေအသက်ရှုလို့ရအောင်လုပ်ပေးတော့မှ ရေတွေအန်ထွက်ပြီးထလာတယ်။ဒါပေမဲ့ ကျနော်အရမ်းစိတ်တိုလာတယ် အန္တရာယ်ရှိပါတယ်လို့ကန့်သတ်ထားတဲ့ စည်းအတွင်းထဲကို ဘာလို့ဝင်သွားရတာလဲ အာ့ဒီလောက်အသိညဏ်မရှိရအောင်ကလေးလဲမဟုတ်ဘူး။
"မင်း ရူးနေပြီလား တောက်စ်"
အမ်😐 စိတ်ဆိုးရမယ့်သူကကျနော်လေ ကိုဈာန်ကဘာဖြစ်သွားတာလဲ။ဒေါသတကြီးပြေးထွက်သွားတဲ့ သူ့ကိုလိုက်ချော့ရမှာလား။