အသံကြားကြားခြင်းဟန်မင်းတော့မသိ ရှိန်းခန့်လင်းတော့တစ်ကိုယ်လုံးပူတက်ပြီးတုန်လှုပ်သွားမိသည်။
"ဖေ~ဖေဖေ"
တင်းမာနေသောဖေဖေ့အကြည့်တွေကြောင့်ကိုမင်းသန့်လက်ကိုဆွဲဖြုတ်မယ်လုပ်ပေမဲ့ ဘာမှမဖြစ်ဘူးဆိုတဲ့အကြည့်နဲ့ကြည့်လာပြီး ကျွန်တော်သတိမထားမိလိုက်သည့်အခ်ျိန်မှာပဲ ကိုမင်းသန့်ကကျွန်တော့်လက်ကိုဆွဲပြီးဖေဖေ့စီကိုသွားနေပြီ။
"ကိုမင်းသန့် ဒီ~ဒီလိုမလုပ်ပါနဲ့ ကျွန်တော့်ကိုသနားပါအုံး"
အသနားခံနေတဲ့ကျွန်တော့်ကိုပင်တစ်ချက်လှည့်မကြည့်ဘဲဖေဖေ့ကိုသာစူးစိုက်ကြည့်နေတဲ့ကိုမင်းသန့်မျက်ဝန်းတွေကတော့ယုံကြည်မှုအပြည့်ပဲ။ ဒါပေမဲ့ ကျွန်တော့်ဘက်ကိုမစဉ်းစားပေးတော့ဘူးလား မင်းကိုချစ်တယ်ပြောပြီးသူလုပ်ချင်ရာလုပ်တော့မှာလား။
ကြောက်လွန်းလို့မျက်ရည်တွေဝဲနေတဲ့ ရှိန်းခန့်လင်းရဲ့နဖူးပြင်ကျဉ်းကျဉ်းလေးကို ညင်သာစွာနမ်းလိုက်ပြီး မိမိတို့ကိုဒေါသအကြည့်များဖြင့်ကြည့်နေသူ သို့မဟုတ် မကြာခင်တော်ရတော့မယ့်ယောက္ခမကြီးရှေ့တွင်ခြေလှမ်းများကိုရပ်တန့်လိုက်သည်။
"ဦးလေး အော်... အခုအကုန်လုံးမြင်ပြီးသွားပြီဆိုတော့ ဖေဖေလို့ခေါ်ရတော့မှာပေါ့"
"ဘာ! မင်းတို့နှစ်ယောက်ကတကယ်ပဲ!"
"ကိုမင်းသန့် တော်ပါတော့ ကျွန်တော်ကြောက်တယ်"
ငိုသံလေးဖြင့်ပြောလာသောကြောင့်ဟန်မင်းသန့်ဘာဆက်လုပ်ရမှန်းမသိ။ ရှေ့တိုးပြီးပြီဖြစ်တဲ့အတွက်လွယ်လွယ်ကူကူနဲ့နောက်ပြန်ဆုတ်ဖို့တော့မဖြစ်နိုင် ဘေးမှာရပ်နေတဲ့ကောင်လေးကိုအားနာလို့ပေမယ့်ပေါ့။ တောင်းပန်ပါတယ် ရှ်န်းခန့်လင်း မင်းလေးကိုမစွန့်လွှတ်နိုင်တဲ့အတွက် ကိုယ်စွန့်စားကြည့်မှရတော့မယ်...