လူတစ်ယောက်ရဲ့ အားနည်းချက်ဟာ
ကိုယ့်အတွက် ပျော်ရွှင်ခြင်းမဖြစ်သင့်ဘူး။
လူတစ်ယောက်ရဲ့ အမှားဟာ
ကိုယ့်အတွက် ပျော်ရွှင်ခြင်းမဖြစ်သင့်ဘူး။
လူတစ်ယောက်ရဲ့ ဆုံးရှုံးနစ်နာမှုဟာ
ကိုယ့်အတွက် ပျော်ရွှင်ခြင်းမဖြစ်သင့်ဘူး။~~~~~~~~~~~~~အမိန့်တော်~~~~~~~~~~~
Classic songအေးအေးလေးဖွင့်ထားသောcoffee shopတစ်ခုထဲတွင်တော့လူနှစ်ယောက်ရဲ့စကားဝိုင်းသည်တဖြည်းဖြည်းနှင့်အရှိန်မြင့်လာသည်။
မိမိရှေ့တွင်မိန့်မိန့်ကြီးထိုင်နေသောဦးနေမိုးလွင်ကိုကြည့်ပြီးချွေးစေးတွေပင်ပျံလာသည်။ရှုပ်ထွေးနေသောအတွေးတို့ကိုခေတ္တခနမောင်းထုတ်ရန်coffeeသောက်မည်ကြံသော်လည်း ရှေ့တည့်တည့်တွင်ရှိနေသောcoffeeခွက်ဆီသို့လက်လှမ်းဖို့ပင်အားမရှိတော့။"ငါတို့မျိုးဆက်ပြန့်ပွားဖို့အတွက်မင်းကလေးမွေးပေးနိုင်သလား" ဆိုတဲ့မေးခွန်းအောက်တွင်ဈာန်လင်းသော်ရဲ့အတွေးပေါင်းသောင်းခြောက်ထောင်။
ပထမဆုံးစဉ်းစားမိသည်မှာညီ။ဘဝတွင်တစ်ခါမှမခံစားခဲ့ရဖူးသောအချစ်မျိုးနဲ့သေမတတ်ချစ်ရပါသောညီ။တခြားမိသားစုတွေသူတို့ကလေးတွေနဲ့ကျီစယ်ပြီး မိသားစုဆိုသည့်အတိုင်းချစ်ချစ်ခင်ခင်ကြင်ကြင်နာနာနဲ့ဂရုစိုက်နေကြပုံများကိုမြင်လျှင် ကျနော့်ကိုဖွင့်ပြောရမှာအားနာလို့လားမသိ သူ့ဘာသာသူတစ်ယောက်တည်းပြုံးကာငေးကြည့်နေသည်။ထိုအပြုံးတို့သည် အားကျနေသည့်အပြုံးဆိုသည်မှာ ဗေဒင်မေးစရာမလိုလောက်အောင် ထိုကောင်လေးရဲ့တလက်လက်တောက်ပနေသောမျက်ဝန်းများမှာ သက်သေတစ်ခုအဖြစ်ရပ်တည်လျက်ရှိသည်။ညီ့ခံစားချက်ကိုပေါ့ပေါ့တန်တန်တွေးပြီး မေ့မေ့ပျောက်ပျောက်နေခဲ့မိတာ ဦးနေမိုးလွင်ပြောမှကိစ္စတစ်ခုချင်းစီက ဦးနှောက်ကလိုက်မမှီအောင်ကိုထွက်လာကြတာ။