💋အမိန့်​​တော်​ep-19

7.6K 357 19
                                    

Hanshine couple❤

အသက်​၂၀​ကျော်​​နေ​ပြီဆို​ပေမဲ့အခုချိန်​ထိ​​က​လေးလိုသ​ဘောထား​နေကာ ဘယ်​ခရီးမှသူတို့မပါရင်​မလိုက်​ရဆို​သော​မေ​မေနဲ့​ဖေ​ဖေအား ​ချောင်းသာခရီးစဉ်​ကိုခွင့်​ပြု​ပေးရန်​ ရှိန်းခန့်​လင်း​မနည်းပူဆာလိုက်​ရသည်​။ဖေ​ဖေ့ကားကို​ရေ​ဆေး​ပေးလိုက်​​မေ​မေဟင်းချက်​​နေတာကိုကူညီ​ပေးရမလား​မေး​မိတော့ ကြက်​သွန်​လှီးခိုင်းတာကိုယ့်​လက်​ကိုပြန်​လှီးမိသဖြင့်​plstaကပ်​ထားရ​သေးသည်​။ိခြံထဲကပန်းပင်​​တွေ​ရေ​လောင်း တစ်​အိမ်​လုံးသန့်​ရှင်း​ရေးလုပ်​ မလုပ်​စဖူးဧည့်​ခန်းထဲမှာtvကြည့်​​နေတဲ့​မေ​မေ့​အနားမှာကျုံ့ကျုံ​လေးထို​င်​ပြီး​ တင်​ပျဉ်​​ခွေထိုင်​ထားတဲ့​ခြေ​ထောက်​တစ်​ဖက်​ကိုအတင်းဆွဲယူကာနှိပ်​​ပေးမိ​တော့မှ အခုအချိန်​တွင်​သူအကြားချင်​ဆုံးစကား.....

"​ဖေကြီး​ရေ ဒီ​ကောင်​​လေးရဲ့ကြိးစား​မှုတွေကို အသိအမှတ်​ပြု​ပေးချိန်​တန်​ပြီထင်​တယ်​"

"ဟုတ်​ပါ့​မေကြီးရယ်​ သူဒီ​လောက်​သွားချင်​​နေမှ​တော့ခွင့်​ပြု​ပေးရ​တော့မှာ​ပေါ့ မိန်းက​လေးလည်းမပါဘဲ သူအလုပ်​ကလူနဲ့သွားမှာပဲဆို​တော့ "

ဖေ​ဖေ​ရေအာ့လူကသားချစ်​ရတဲ့သူဆိုပြီး​ပြောလိုက်​ချင်​​ပေမဲ့ ​ရှေးရိုးနည်းလမ်း​တွေကိုလိုက်​​နာကျင့်​သုံး​နေတဲ့​မိမိ မိဘ​တွေကို ​ယောကျာင်္း​လေးနှစ်​​ယောက်​ရဲ့ချစ်​ပုံပြင်​ကိုလက်​ခံနိုင်​​အောင်​ဘယ်​လို​ပြောပြရပါ့။တစ်​ချိန်​ချိန်​ကျ​အသိ​ပေးကို​ပေးရမယ့်​ကိစ္စတစ်​ခုဖြစ်​သည့်​အတွက်​ မသိမသာသက်​ပြင်းချမိသည်​မှာလည်းအကြိမ်​ကြိမ်​။ချောင်းသာ​လေးတစ်​ခါသွားဖို့​အ​ရေး တစ်​ခါမှအိမ်​သန့်​ရှင်း​ရေးမလုပ်​ဖူးတဲ့ကျ​နော့်​ကို ဓားရှရာ​​အားကပ်​ထားတဲ့plsta​လေးက​သ​ရော်​​နေ​လေရဲ့။

"​ခုလိုခွင့်​ပြု​ပေးတဲ့အတွက်​​ကျေးဇူးတင်​ပါတယ်​​ဖေ​ဖေနဲ့​မေ​မေ ကိုမင်းသန့်​ကမနက်​၅နာရီ​​လောက်​လာ​ခေါ်မှာဆို​တော့ ပြင်​ဆင်​စရာရှိတာပြင်​ဆင်​ရ​အောင်​အခန်းထဲ​စော​စောဝင်​​တော့မယ်​"

💋အမိန့်​​တော်​(completed)Where stories live. Discover now