💋အမိန့်​​တော်​ep-21

6.7K 264 8
                                    

ကမ္ဘာ့ဒုတိယအကြီးဆုံးမှတ်​တမ်းဝင်​ဒီပါ​အေးမြမဟာနဂါးရုံဘုရားကြီးအားဖူး​မျှော်​ကြပြီး​နောက်​​ကျေးဇူး​တော်​ရှင်​ဆရာ​တော်​ဘုရားကြီးဆရာ​တော်​ဦးသာသနတည်​ထားကိုးကွယ်​ခဲ့​သော​ရွှေတိဂုံ​စေတီ​​တော်​ပုံစံတူစကားဝါ​တောင်​​စေတီ​တော်​မြတ်​ကြီးအားဖူး​မျှော်​ခဲ့ကြသည်​။ထိုသို့သွားဖို့ကိုပင်​ထိုက်ကို​ဇေေ​​ကာင်းမှုဖြင့်​ဆိုင်​ကယ်​ငှါးတာနာရီဝက်​ကြာခဲ့သည်​။စကားဝါ​တောင်​​စေတီ​တော်​ကြီးအားဖူး​မျှော်​ရှိခိုးပြီး​နောက်​​ နောက်​တစိ​နေရာသွားဖို့တိုင်​ပင်​​နေကြစဉ်

"ဂြီ......"

ကျယ်​လောင်​စွာထွက်​​ပေါ်လာတဲ့ထိုအသံ​ပိုင်​ရှင်​သည်​ကား အရင်​ကအ​ချေဆဲမဲအခု​တော့အ​ပေါဆဲမဲဟန်​မင်းသန့်​။bffတို့လမ်းစဉ်​အတိုင်းအချစ်​ဆုံးသူငယ်​ချင်းကြီးထိုက်​ကို​ဇေကအားရပါးရဖဲ့​တော့သည်​။

"ဟာ.. ငသန့်​ ချီး​စော်​နံလိုကိတာကွာ"

"Shitလား လဒ ဒါဗိုက်​ကထွကိလာတဲ့အသံကွ ငါအရမ်းဆာ​နေပြီ မနက်​တည်းကလမ်း​တွေလဲ​လျှောက်​ထားရတာ ကိုဈာန်​ ဆက်​မသွားဘဲပြန်​ကြရ​အောင်​ဗျာ"

ကိုယ်​တိုင်​​ရေးဆွဲထား​သောလမ်းညွှန်​စာရွက်​ကြည့်​လိုက်​နာရီကြည့်​လိုက်​ဖြင့်​အလုပ်​ရှုပ်​​နေ​သော ယခု​လော​လောဆယ်​လမ်းမသိ​သောသူတို့သုံး​ယောက်​အတွက်​​ခေါင်း​ဆောင်​​နေရာယူထား​သောဈာန်​လင်း​သော်​အားစိတ်​မရှည်​စွာ​ပြောလိုက်​သည်​။နဂိုကတည်းကရှိန်းခန့်​လင်းဆို​သော​ကောင်​​လေးမှလွဲ၍ဘယ်​သူ့ကိုမှသိပ်ပြီးအဖတိမလုပ်​ချင်​။

"Ok​လေ ရှိန်း​လေးက​ရောသ​ဘောတူလား ညီ​ရောဗိုက်​ဆာ​နေပြီလား"

နှစ်​​ယောက်​လုံးကလည်း​ခေါင်းညိတ်​ပြ​သော​ကြောင့်​လက်​ထဲမှကိုင်​ထား​သောစာရွကိကို​အချိုးကျစွာ​ခေါက်​ကာအင်္ကျီအိပ်​ကပ်​ထဲသို့ထည့်​လိုက်​ပြီး..

"ဒါဆိုလဲ ပြန်​ကြတာ​ပေါ့ ည​နေလည်း​ရောက်​​တော့မယ်​ ညကျရင်​မီးပုံပွဲ​လေးလုပ်​ရ​အောင်​ခုကတည်းက လိုအပ်​တာ​တွေဝယ်​သွားကြစို့"

💋အမိန့်​​တော်​(completed)Where stories live. Discover now