Battle 1

26.8K 1.1K 9
                                    

Zawgyi

အခန်း ရဲ့ ပြတင်းပေါက်ငယ် လေးတွေက အစ
အ၀င်အထွက် တံခါးပေါက်ကြီး ထိအဆုံး
အားလုံးကို ပိတ်လှောင်ထားသည့်
့် ဒီ အခြေအနေက ကျွန်တော် ကြည့်နေကျ
ရုပ်ရှင် ဇာတ်လမ်းတွေ ထဲက ဇာတ်ဆောင်များ
အန္တရာယ် အတွင်း ကျရောက်နေသည့်
ဇာတ်ဝင်ခန်း တစ်ခုနဲ့ တောင်
ခပ်ဆင်ဆင် တူနေသည်..။

ခပ်ဆင်ဆင် တူနေခြင်းသာ မဟုတ်..။

မဖြစ်ချင်သော အခြေအနေဆိုးကြီးကို အတတ်နိုင်ဆုံး ရှောင်ဖယ်နေခဲ့သည့် ကျွန်တော်..။

ဒီ အခန်းထဲက လွတ်မြောက်ဖို့ တစ်ခုတည်းသော လမ်းစဖြစ်နေသည့် အထွက်တံခါးပေါက်ရှိရာ ဆီ ခြေဦး လေးလှည့်နိုင်ဖို့ ဝေးလို့..။

ကိုယ့်ဆီ တစ်ဆင့်ချင်း တဆင့်ချင်း ချဉ်းကပ်လာနေသည့် အန္တရာယ် ရဲ့ သားကောင်ကို ရှောင်ရှားပါသည်ဆိုမှ
အနောက်ဘက်ဆီက နူးညံ့ ထွေးအိနေလောက်မည့် အထက်တန်းစား ဇိမ်ခံ ကုတင် ကျယ်ကြီး၏ အငွေ့အသက်ကို ရရှိလိုက်သောကြောင့်
သူ့ အလိုကျ ဖြစ်ဖို့ အနေအထားရောက်အောင် ကြိုးစားပေးလိုက် သလို ဖြစ်သွားသည်..။

အစ ကတည်းက အရေးတစ်ကြီး ပြောစရာ ရှိသည် ဆိုပြီး ချိန်းဆိုလာခဲ့သည့် နေရာက
နယ် ဘက်မှာ ရှိနေသည့် သူ့ရဲ့ အပန်းဖြေ စံအိမ်ကြီးမှာ ဖြစ်နေခဲ့တာ ကို သတိထားခဲ့သင့်တာ..။

ကိုယ့်ခြေထောက်နဲ့ ကိုယ် အန္တရာယ်ရှေ့မှောက်ရောက်အောင်လာခဲ့မိ
တာကို အခုချိန်မှ အပြစ်တင်နေတော့လဲ ဘာမှမထူးပါလေ..။

"Bae ရာ..ဘာလို့များ ရှောင်ဖယ် ချင်နေတာ
လဲ.."

ရုပ်ရှင်ထဲက လူကြမ်း ဇာတ်ကောင်တွေလို အဆီ တ၀င်းဝင်းနဲ့ ရွံရှာစရာ တဏှာ ရူး ရုပ်ရည် နဲ့ မဟုတ်ပေမယ့်လို့..။

မြင်ရုံနဲ့ တန်ဖိုးပမာဏ ကြီးမားမည် ဟု သိသာနေသော အဆင်တန်ဆာတို့ကို ဆင်ယင်ထားပြီး ကြည့်ကောင်းသည်ထက် ပိုသော ရုပ်ရည် တို့ဖြင့် ပြည့်စုံသောထိုလူသည်
ယခု အချိန်မှာတော့ ကျွန်တော့်အတွက်
ဒရမ်မာကားတွေထဲက လူကြမ်းများနဲ့ မခြား..။

ကျွန်တော် အမြဲ စဉ်းစားပေမယ့် ဘယ်တော့မှ အဖြေမထွက်ခဲ့ပါ..။

Battle [ Completed ]Where stories live. Discover now