Ficက မှီငြမ်းFicပါ...
မြန်မာနိုင်ငံက စာရေးဆရာမကြီး တစ်ယောက်ရဲ့
ဝတ္ထုကို မှီငြမ်းရေးသားထားတာပါ၊
စာရေးဆရာမကြီးကတော့ normal ရေးတာ
ပေါ့နော်။ဒီကတော့ ကိုယ် ဝါသနာ အားသန်ရာ
Yaoi Lineဘက် ပြောင်းရေးထားပါတယ်။
အရင် ficတွေနဲ့
မတူအောင် ရေးသွားမှာပါ...💜💜💜"Jungkook..မင်းကို ဘကြီးခေါ်နေတယ်"
ဘကြီး ခေါ်သည် ဆိုတာနှင့် jungkookနေရာ
မှ သွက်လက်စွာ ထလိုက်သည်။အိမ်ကြီးဆီကို
လှမ်းကြည့်လိုက်သည်။"ဘာကိစ္စတဲ့လဲ"
"ငါမသိ"
သူနှင့် လုပ်ဖော်ကိုင်ဖက် jay က သူ့အလုပ်သူ
ဆက်လုပ်နေသည်။သည်တော့ jungkook သူ့ဆံပင်ပွပွထဲ လက်ငါးချောင်းထိုးသွင်းကာ သပ်ရပ်အောင် လုပ်လိုက်သည်။ပြီးတော့ အိမ်ကြီး
ဆီသို့ အပြေးအလွှား လျှောက်လာသည်။လျှောက်လာရင်း Jungkook ရင်ထဲမှာ တွေးမိသည်။ဘကြီး ဘာများလုပ်မလို့ပါလိမ့်..
သူ့ကိုများ ဆူမလို့လား..ဒါမှမဟုတ် ဘာများ မကျေနပ်လို့လဲ..သူ့ရင်မှာ ထိတ်နေသည်။ဘကြီးကို သူတို့အားလုံး ကြောက်ရသည်။သိပ်ဇီဇာကြောင် အပြစ်ရှာတတ်သော အဘိုးကြီးမို့
ဘကြီးဆိုသည်နှင့် သူတို့လန့်ပြီးသား..ကြောက်ပြီး
သား။လန့်လည်းလန့်စရာပင်။ဘကြီးပုံစံက ခက်ထန်သည်။မျက်နှာတင်းသည်။ဘယ်လောက်ပဲ အပြစ်မရှိပါစေ..ကြံဖန်ပြီး အပြစ်ပြောတတ်သူ..ဘယ်လိုနေလို့ ဘာလုပ်ရမှန်း
မသိအောင်ပင် jungkookတို့အဖို့ အနေခက်သည်။အနေခက်လို့ တပြင့် နေရာ သွားနေပြန်ရင်လည်း jungkookလို တစ်ကောင်
ကြွက်အဖို့ ဘယ်သူက လက်ခံမည်လဲ??
ဆွေမရှိ မျိုးမရှိသူ့ကို ဘယ်သူက အဖော်လုပ်မလဲ?
သူ့ဘဝက ဆိုးသည်။မွေးကတည်းက အမေက သေသွားသည်။အဖေကျပြန်တော့လည်း jungkook 13နှစ်သားကတည်းက
ကားပေါ်က ပြုတ်ကျကာ သေဆုံးခဲ့ခြင်းဖြစ်သည်။သည်တော့ jungkookမှာ ဥတစ်လုံး တစ်ကြောင်ကြွက် ဘဝနဲ့ကိုယ့်ဘဝကိုယ် ရုန်းကန် ခဲ့ရတယ်။ဖြစ်လေရာ ဘဝနဲ့ လောကကို ရင်ဆိုင်ခဲ့တယ်။ဒါပေမဲ့ တော်ပါသေးသည်။အဖေ့ အလုပ်ရှင် ဘကြီးက အလုပ်မှာ တောက်တိုမယ်ရ
ခိုင်းဖို့ သူ့ကို မွေးစားခဲ့သည်။
YOU ARE READING
Maybe Tomorrow
Romanceမူရင်း စာရေးဆရာမကြီးရဲ့ ဝတ္ထုကို ပြန်လည်ပြင်ဆင်ရေးသားထားခြင်းပါ။ ပြင်ဆင်ချက်တွေ အများကြီးပါ ပါတယ်။ Jimin & jungkook Yaoi fic ..