13.

406 67 7
                                    

Jungkook..ညီလေး "

"ဗျာ ကိုကြီး "

"Jiminဆိုတဲ့ကောင်သေးလေးကို သိတယ်မလား"

"ဟုတ် ကိုကြီး"

Jungkookရင်တွေ ဒိန်းခနဲ ဖြစ်လာသည်။

"သူ့ကို ကိုကြီး သဘောကျတယ်ကွာ..."

Jungkook တွေဝေမိပါသည်။ ကိုကြီးနှင့် တွေ့ရသည့်ရက်ကလည်း နုသေးသည်။
Jungkookအဖြစ်ကို yoongiက ရိပ်မိတော့..

"ကိုကြီး နားလည်ပါတယ်။ဒါပေမဲ့ jungkookကိုတော့ ကိုကြီးက ညီအရင်းလေးလို
ချစ်တယ်ဆိုတာတော့ ယုံပါ။ "

Yoongiက သက်ပြင်းချလိုက်ပြီး

"ကိုကြီး ဘဝအကြောင်း ပြောပြမယ်၊
နားထောင်ချင်လား"

" ကိုကြီး မိဘတွေကလည်း ကိုကြီးကို မွေးပြီးပြီးချင်း မြောက်ကိုရီးယား စစ်ဘေးရှောင်နေချိန် ဆုံးပါးသွားခဲ့တာ...
ကိုကြီးကိုမွေးတော့ မြောက်နဲ့တောင် နယ်စပ်ကြားမှာ မွေးတာကိုး ။ ကိုကြီး မိဘတွေဆုံးတော့ ဦးလေးကပဲ ခေါ်မွေးစားတာပေါ့
ကိုကြီးဟာ မွေးလာကတည်းက တစ်ကောင်ကြွက် တစ်မျက်နှာပါ ။

အရွယ်ရောက်လာပြန်တော့လည်း မခံချင်စိတ်နဲ့
စီးပွားရှာတယ် ။ကိုကြီး ကြိုးစားလို့ ကိုကြီး စိတ်တိုင်းကျ ဖြစ်ခဲ့တယ် ။ လူ့လောကထဲမှာ လူရာဝင်ခဲ့တယ် ။ ဒါပေမဲ့ ပျော်လား ဆိုတော့လည်း မပျော်ဘူး ။ ဘဝက ခြောက်သွေ့နေတယ် ။ဒါကြောင့် ဆွေမျိုးသားချင်းတွေက မိန်းမပေးစားဖို့ စီစဉ်ကြတယ် ။ မိန်းမယူလိုက်ပေမဲ့ မေတ္တာ မပါတဲ့
အိမ်ထောင်ရေးဟာ ခဏလေး ကွဲခဲ့ရတယ်လေ "

" သူကလည်း ကိုကြီးကို ချစ်လို့ ယူတာမှ မဟုတ်ပဲ
စည်းစိမ်တွေမတ်လို့ ကိုကြီးရဲ့ အောင်မြင်မှုတွေ
ရုပ်ရည် ဥစ္စာဒန ဒါကို မက်တာလေ ၊ ကိုကြီး သူနဲ့
ကွာရှင်းတော့ ပိုင်ဆိုင်မှု တစ်ဝက်ကျော်ကျော် လောက် ပေးခဲ့ရတယ် ။ ဒါလည်း ကိစ္စမရှိပါဘူး
ငွေဆိုတာ ပြန်ရှာလို့ ရတာပဲလေ ။ ဒါပေမဲ့
အဲ့အချိန်တည်းက ကိုကြီး ခေါင်းထဲမှာ သံမှို စွဲသလို ရိုက်ခတ်သွားတာက မိန်းမတွေက ဒီလိုမျိုး တွေပါလား ဆိုတာပဲ ။ အဲ့ကတည်းက အခုထိ ကိုကြီး မိန်းမ ကိစ္စတွေနဲ့ ပတ်သတ်ရင်
ဝေးဝေးနေခဲ့တယ် ။ ရွံကြောက်ကြီးလို ဖြစ်နေတာမျိုး "

Maybe TomorrowWhere stories live. Discover now