Koreaနိုင်ငံသည် အေးသည်ဟု ခေါ်နိုင်သော်လည်း နွေအချိန်တွေတော့ ပူသင့်သလောက် ပူသည်... အထူးသဖြင့် jungkookလို အလုပ်ကြမ်းသမားအဖို့ ပူတာထက်ပင် ပို၍ ပူသေးသည်...မြက်ပင်ပေါင်းနုတ်ရင်း အရိပ်ကလေးတစ်ခုကို မြင်လိုက်တော့...
"ဟင်..ကိုလေး ပါလား"
"Jimin အားလား"
"ဘကြီးနဲ့ ဒေါ်ကြီး ခေါ်ခိုင်းတာလား.. ခဏလေးနော် ကျတော် ဒါလေး လက်စသတ်လိုက်မယ်"
"ဘကြီးလည်း မခေါ်ခိုင်းပါဘူး....
ဒါကိုလည်း မလုပ်နဲ့တော့""ဗျာ"
Jungkook က jiminမျက်နှာ လှည့်အကြည့်
"ကိုလေးနဲ့ လိုက်ခဲ့"
"ဘယ်ကိုလိုက်ရမှာလည်း ကိုလေး"
"စက်ဘီးလျှောက်စီးမလို့"
Jungkookရင်မှာ ပျော်သွားသည်.. ဒါပေမဲ့ ဒေါ်ကြီး မျက်နှာ ပြေးမြင်မိ၍
"ဒေါ်ကြီး ဆူဦးမယ်နော်"
"ကိုလေး ပြောခဲ့ပြီးပြီ"
"ဒါဖြင့်... ကိုလေး ခဏစောင့်"
Jungkookအပေါ်ထပ်ကို ပြန်တက်ခဲ့သည်..
စွပ်ကျယ်အစုတ်ကိုလဲကာ သေတ္တာထဲမှ T-Shirt
နွမ်းနွမ်းတစ်ထည် ထုပ်လိုက်သည်.. နွမ်းသော်လည်း စွပ်ကျယ်ထက်စာရင် ပိုကောင်း၍
နွမ်းမှန်းမသိသာပေ...jungkookဘဝမှာ ထည်လဲသုံးနေသည်မှာ အဝတ်အစားမဟုတ်..
ဆောင်ပုဒ်သာရှိသည် ဤသည်မှာ စုတ်စုတ်ရယ် နွမ်းနွမ်းရယ် ဟူ၍.....သစ်သစ်နှင့် ကောင်းကောင်း ဆိုတာက jungkookနှင့် လုံးဝမသက်ဆိုင်...ဒေါ်ကြီးက ကျောင်းထားပေးရတာကိုပင် မကျေနပ်၍ သူ့ကို
ပိုက်ဆံတစ်ပြားမှ မပေးတော့..သည်တော့ ရှိသည့် အဝတ်အစားသာ ခြွေတာဝတ်နေရသည်...ဒါပေမဲ့ အရပ်ရှည်ရှည် အသားဖြူဖြူ
ဒေါင်ကောင်းကောင်းနှင့် ချောသော jungkookအဖို့ နွမ်းနွမ်းဝတ်လည်း သူ့အသားရေနှင့်လိုက်သည်.. ထွားကျိုင်းသော ကိုယ်ထည် ဖြူဖြူမြင့်မြင့်နှင့် မျက်ဆန် ညိုညိုလေးများက မိန်းကလေးများအတွက် ရင်ခုန်ချင်စရာပင်.. .Jungkook jiminကို ဘူတာရုံ သွားကြ်ုသည့် နေ့က ဘောင်းဘီလေးသာ ဖုန်ခါ ပြန်ဝတ်၍ အပြင်ထွက်လာခဲ့သည်..jiminက စက်ဘီးလေးကို ကိုင်ကာ ခြံဝမှာ စောင့်နေသည်..
YOU ARE READING
Maybe Tomorrow
Romanceမူရင်း စာရေးဆရာမကြီးရဲ့ ဝတ္ထုကို ပြန်လည်ပြင်ဆင်ရေးသားထားခြင်းပါ။ ပြင်ဆင်ချက်တွေ အများကြီးပါ ပါတယ်။ Jimin & jungkook Yaoi fic ..