16.

356 61 2
                                    

ပြန်သာလာခဲ့ရသည် Jungkookရင်မှာ ဗလာ...
သွားတုန်းက တက်ကြွခဲ့သော ခြေလှမ်းတို့က
ပြန်ခရီးမှာတော့ ဟာတိဟာတာ ....
ကိုယ့်အိမ်ကို ဘယ်လို ပြန်ရောက်ခဲ့မှန်းပင် မသိ..
အိမ်ထဲအဝင် ကိုကြီးနဲ့ တန်းတိုးတော့သည် ။

"ဘယ်လိုလဲ ။ မင်းကိုလေးနဲ့ တော်တော်မှ စကားပြောခဲ့ရဲ့လား ညီလေး "

Jungkook ဘယ်လို ဖြေရမလဲ ။ Yoongiကိုသာ
ငေးကြည့်မိသည် ။ yoongiက  သူ့ မျက်နှာကို
စေ့စေ့ကြည့်ရင်း...

"ဟေ့ ညီလေး..ကိုကြီးမေးနေတာ ဖြေလေ"

"ဘာလဲ ကိုကြီး"

"မင်းရဲ့ Jiminနဲ့ စကားတွေ ပြောခဲ့ရဲ့လားလို့"

"ပြောခဲ့ပါတယ်"

ပြောသာပြောနေသည် Jungkookလေသံက
အသက်မပါ ။ ဒီကောင်လေး ဘာတွေဖြစ်နေတာ ပါလိမ့် ။ Yoongi က Jungkook မျက်နှာကို ငေးကြည့်နေမိသည် ။ သွားတုန်းက Jungkook
မျက်နှာက ဒီကမ္ဘာမှာ သူ့လောက် ပျော်တဲ့သူမရှိ..
ပြန်လာတော့လည်း ငိုတော့မည့်ရုပ်ဖြင့်...

"ဘာလဲ။ မင်းကို မင်း ကိုလေးက ဆူလိုက်လို့လား"

"မဆူပါဘူး"

"ဒါဖြင့် ဘာပြောလိုက်လို့လဲ"

"ဘာမှမပြောပါဘူး"

"ဒါဖြင့် jungkookက ဘာဖြစ်လာတာလဲ"

ဘာဖြစ်လာတာလည်း သူကိုယ်တိုင်တောင် မသိ
ဝေခွဲမရ အလိုမကျစိတ်ဖြင့်သာ Jungkook
တစ်ကိုယ်လုံး လွှမ်းနေသည်..

"ကျတော်အိပ်တော့မယ် ကိုကြီး"

"ဟာ..အစောကြီးရှိသေးတာ.. အိပ်တော့မလို့လား
ညီလေး ။ ထမင်းမစားတော့ဘူးလား"

Jungkookမှာ နင့်နေ၍ ထမင်းပင် စားချင် စိတ်
မရှိ ။ ဒါကြောင့် ခေါင်းကို တွင်တွင်ခါ၍

"ကျတော် ဗိုက်မဆာဘူး ကိုကြီး ။ အပေါ်တက်တော့မယ် "

Jungkook သူ့အခန်းထဲသို့ ပြေးဝင်လာခဲ့သည် ။
ဖိနပ်ပင်မချွတ်တော့ပဲ ကုတင်ပေါ် မှောက်လျက်ဖြင့် အိပ်လိုက်သည် ။ စိတ်ထဲမှာတော့ Jiminကိုပဲ ဒေါပွရမလား ။
ကိုယ့်ကိုကိုယ်ပဲ ဒေါသထွက်ရမလား ဝေခွဲရ ခက်နေသည် ။

Maybe TomorrowWhere stories live. Discover now