Zawgyi
အပြင်မှာတော့ Seoulမှာ စာသွားသင်သည့် အတောအတွင်း ပြောင်းလဲလာသည့် Busanမြို့ကြီးကို Jiminအံ့ဩလို့ မဆုံး....
ငေးကြည့်လို့မဆုံး...နောက်ဆုံး ကားလေးက
မြို့လယ်ရှိ ခြံဝင်းတစ်ခုအတွင်းကို ချိုးကွေ့ဝင်လိုက်တော့မှ jimin သူ့အိမ်သူ ပြန်ရောက်မှန်း သိလာတော့သည်...💓💓💓💓💓
Jeonခြံထဲဝင်သည်နှင့် ကားပေါ်မှ ပေါ့ပါးသွက်လက်စွာ ခုန်ဆင်းလိုက်ပါသည်..
ဒါတောင်မှ...."ဟိုကောင်လေ..ဘာလို့ ငါ့သားနဲ့ ဘေးကပ်စီးရတာလဲ"
ဒေါ်ကြီးမျက်နှာက မကြည်မလင်...
"ဩော် မေမေကလည်း...ကျတော်စီးခိုင်းလိုက်တာပါ...ဘာဖြစ်လို့လဲ.."
ဒေါ်ကြီးက ပြန်မဖြေပေမဲ့ ဒေါ်ကြီးရဲ့ မျက်လုံးအဓိပ္ပါယ်ကို သရုပ်ဖော်လိုက်သည်နှင့် Jeonရိပ်မိပါသည်...ဒါကြောင့် ခေါင်းကို ငုံ့သထက်ငုံ့ကာ...
"ကျတော် ဘာလုပ်ပေးရမလဲ ဒေါ်ကြီး.."
"မီးဖိုချောင်မှာ အမှိုက်တွေ စုနေတာ ရှင်းပေး...
ပြီးတော့ ငါ့သားအခန်းထဲကို အမွှေးဘူး ဖြန်းပေး""နေပါစေ မေမေရယ်...အခန်းထဲ အမွှေးရည် မဖြန်းလည်း ဘာမှမဖြစ်ပါဘူး.."
"အို..ဘယ်က အဆင်ပြေရမှာလဲ..မေမေတော့ အဆင်မပြေပါဘူး...ကဲ..ဟိုကောင်လေး..သွား"
Jeonခေါင်းငုံ့ကာ ထွက်သွားတော့ jiminစိတ်မကောင်းမိ....တကယ်ဆို jeonသာ
မေမေ့သားအရင်းဖြစ်ကြည့်ပါလား....ပြုစုလိုက်မည်ဖြစ်ခြင်း...ယုယလိုက်မည်ဖြစ်ခြင်း.....မထိရက်မကိုင်ရက် မခိုင်းရက်လိုက်မည်ဖြစ်ခြင်း....အခုတော့...Jimin jungkookမျက်နှာလေးကို မြင်ယောင်ကာ သနားမိသည်...ဒါပေမဲ့ လူကြီးတွ ကိစ္စထဲ ဝင်မရှုပ်ချင်သည်မို့...
"ရော့..ဒါက မေမေ့အတွက်..Seoulက ဝယ်လာတာ"
"ဒါက ချစ်ဖေကြီးအတွက်... ဒီက
လင်မယားနှစ်ယောက်အတွက် coupleနော်..
သားဝယ်လာတာ..ဟဲဟဲ"
YOU ARE READING
Maybe Tomorrow
Любовные романыမူရင်း စာရေးဆရာမကြီးရဲ့ ဝတ္ထုကို ပြန်လည်ပြင်ဆင်ရေးသားထားခြင်းပါ။ ပြင်ဆင်ချက်တွေ အများကြီးပါ ပါတယ်။ Jimin & jungkook Yaoi fic ..