9.

519 65 6
                                    

"ဖေဖေ့ကို သားပြောစရာရှိတယ်"

"ဘာများလဲ သား"

"တစ်ခြားတော့ မဟုတ်ပါဘူး ဖေဖေရယ်..
Jungkook ကိစ္စပါ"

ဖေဖေ မျက်ခုံးတစ်ဖက် မြင့်တက်သွားသည်..

"ဘာလို့လည်း သား"

"ဖေဖေတို့ jungkookကို ဒီအတိုင်း ထားတော့မှာလား လို့ မေးချင်လို့"

ဖေဖေခမျာ ခေါင်းကို ဆတ်ခနဲ ညိတ်လိုက်သည်.
သားမေးသော မေးခွန်းသည် မေးသင့် မေးထိုက်သော မေးခွမ်းပင်.

"ကဲ..သားက သူ့ကို ဘယ်လိုဖြစ်စေချင်လို့လဲ"

"သား ညီလေး အရွယ်ပဲ ဖေဖေရယ်.. သူ့တိုးတက်ရာ တိုးတက်ကြောင်းလေး မြင်ချင်လို့ပါ"

ပြောရင်း သူ jungkookကို မြင်ယောင်လာသည်
နဂိုကတည်းက ချောပြီးသား jungkook..
ပညာတတ်လျှင် ပညာဂုဏ်ဖြင့် ချောလိုက်မည် ဖြစ်ချင်း...သားနားလိုက်မည်ဖြစ်ချင်း... ခုတော့.

အဝတ် တစ်ထည်မှ တစ်ထည်ပင် လဲစရာမရှိ..
မေမေက ကြည့်ရက်တယ်ပဲ ထား..ဖေဖေကတော့
ကြည့်မနေသင့်ပေ..

"ဟုတ်ပြီ.. သားက သူ့ကို ဘာဖြစ်စေချင်တာလဲ..
ဖေဖေကတော့ သူ့ကို အိမ်ရဲ့ driverအဖြစ်
ကားမောင်းခိုင်းမယ်...ပိုက်ဆံပေးမယ် တွေးထားတယ်"

"သားအနေနဲ့ကတော့ သူ့ကို ကျောင်းပြီးအောင် တက်စေချင်တယ် ဖေဖေ"

"ဟုတ်ပြီ..ဒါဆို သား သူ့ကိုသွားမေး..
ကျောင်းနေချင်ရင်လည်း ကျောင်းဆက်နေ
အိမ်မှာ ကူလုပ် လခလေးလည်း ပေးပေါ့..
ဖေဖေလည်း သူ့အဖေမျက်နှာထောက်ရသေး တယ်..ကောင်လေးက ကြိုးစားရှာပါတယ်"

"ဒါဆို သား သူ့ကို အခုသွားပြောရတော့မလား
ဖေဖေ"

"သားလေး သဘောကွယ်"

Jimin မရှက်နိုင်တော့ပါ..ဖေဖေ့ရှေ့တင် ပြေးထွက်ပြီး jungkook ပန်ကန်ဆေးနေသော
နောက်ဖေးမီးဖို သို့ ဝင်လာလိုက်သည်..

" Jungkookရေ..မင်းကို ကိုလေး ပြောစရာရှိတယ်"

Jimin အသံမှာ အပျော်လုံး ဆို့နေသယောင်..

"ဘာများလဲ ကိုလေး"

Jungkook ပန်ကန်ဆေးနေရာမှ လက်စသတ်လိုက်သည်..

Maybe TomorrowWhere stories live. Discover now