ထိုလူကို နီးရာ ဆေးရုံ အမှီ ပို့လိုက်ရင်း ကံခေသည်... အချိန်မှီပေလို့သာ....ထိုလူကလည်း
နှလုံးမထိဘဲ ဝမ်းဗိုက်ကို ရှပ်ထိသွားရုံသာမို့
အဆိုးကြီးမဖြစ်ပေ....ခွဲစိတ်မှုကို ထိုင်စောင့်နေရင်း jungkook အချိန်တွေကို ဆေးရုံမှာ ဖြုန်းနေလိုက်သည်...
အချစ်ဆိုတာ ဒုက္ခတွင်းထဲ လက်မတင်လေး လွတ်လာခဲ့တာတောင် သတိရနေတာမျိုး...
ကမ္ဘာပျက်တာတောင် သတိရနေမယ်ထင်တယ်..
အခုလည်းကြည့် သူ jiminကို သတိရနေပြန်ပြီ"ဒါပေါ့ ကိုလေးရယ်...ကားသမားသားက ကားပဲမောင်းစားတော့မှာပေါ့..ဆရာဝန် အင်ဂျီနီယာဆိုတာ မမှန်းသင့်တဲ့ အရာပါဗျာ"
တကယ်ကို ခက်ခဲပါသည်...ကျောင်းနေစဉ်တုန်းကလည်း ကျောင်းနေလို့ ဒေါ်ကြီးက ဆူပူတယ်... ကျောင်းထွက် ကားမောင်းပြန်တော့လည်း အိမ်မှာ အမှိုက်သိမ်းကြမ်းတိုက် မလုပ်လို့ ဒေါ်ကြီးက ဆဲဆိုတယ်...
ဒါ့ကြောင့် jungkookမှာ ကားမောင်းပြီး ပြန်လာတိုင်း အိမ်မှာ မနားရဲ...ဒေါ်ကြီးမျက်နှာကြောင့် အိမ်အလုပ်တွေ လုပ်ရသေးသည်. ဒီကြားထဲ ခိုင်းလျှင် ရိုးရိုးမခိုင်းဘဲ ဆဲဆိုကြိမ်းမောင်းနေသော ဒေါ်ကြီး အပြောကြောင့် သူရင်နင့်ရပြန်သည်...
"လူဆိုတာ မွေးကတည်းက သူ့ဘဝနဲ့ သူ မွေးလာတာ jungkookရေ...ဖားတုလို့ ခရုခုန်
အိုင်ပဲပျက်မယ်..မဟုတ်ဘူးလား ဒေါ်ကြီးပြောတာ..လူဆိုတာ တန်ရာတန်ရာမှန်းရတယ်ကွဲ့... မင်း အခြေအနေက ကျောင်းတက်ပြီး စာသင်လည်း ဘာထူးမှာလည်း... အလကား သဲထဲရေသွန်..
အကျိုးမရှိတာတွေ မလုပ်စမ်းပါနဲ့ကွယ်...သူဌေးဖြစ်တဲ့သူက သူဌေးဖြစ်မှာပဲ..ဟော ခွေးဖြစ်မယ့်သူက ခွေးဖြစ်မှာပဲ...ခွေးက သူဌေးဖြစ်ချင်လို့မှ မရတာ"Jungkookအံကိုတင်းတင်းကြိတ်မိသည်...
သည်လိုဖြစ်အောင် ဘယ်သူစီစဉ်တာလဲ..
သူ ကျောင်းမနေဖြစ်အောင် ဘယ်သူလုပ်တာလဲ...
ဒီလိုတွေးရင်း ရင်ထဲ လူသတ်ချင်စိတ်ပေါက်မိသည်...တကယ်လို့ jungkookသာ သူ့သားဖြစ်ကြည့်ပါလား....အလုပ်ကြမ်းတွေ ဘယ်ခိုင်းရက်ပါ့မလဲ..ပင်ပန်းတကြီးလုပ်တာတွေ
ဘယ်ကြည့်ရက်ပါ့မလဲ..jungkook တွေးလေလေ မျက်ရည်ကျလာလေလေပင်..
လူတွေက သူတို့သားသမီးကိုမှ လူလို့ ထင်ကြသည်လေ...ဆေးရုံ လူနာစောင့်ခုံမှာထိုင်ရင်း jungkookမျက်ရည်တွေ သုတ်လိုက်မိသည်..
သူ့ဘဝက ငိုလည်း ဘာမှထူးလာမည်မဟုတ်...
အနားမှာအားပေးဖော် jiminလည်း ရှိသည်မဟုတ်... jiminသာရှိလျှင် သူဖက်ပြီး ငိုချလိုက်မည်မှာ သေချာတယ်..."လူနာရှင် ရှင့်"
"Nae"
"လူနာက သက်သာလာမှာပါ...ဒါနဲ့ ဖောင်မှာ ဖြည့်ပေးပါနော် လူနာ နာမည်လေးနဲ့ နေရပ် အသက်"
"ဗျာ..ဟိုကျတော်က ..."
"Min Yoongi"
Jungkookနောက်မှ အသံတစ်သံ ထွက်လာသည်
"လူနာ နာမည် min yoongi..
ငါက လူနာရဲ့ ဦးလေး"💜💜💜💜💜💜💜💜
အမလေး😭😭 ideaက မထွက်လို့ တော်တော်အရှိန်ယူရတာပဲ😭😭
ဒီလူကို ကောင်းကောင်းဆဲပေးကြပါ..😭
YOU ARE READING
Maybe Tomorrow
Romanceမူရင်း စာရေးဆရာမကြီးရဲ့ ဝတ္ထုကို ပြန်လည်ပြင်ဆင်ရေးသားထားခြင်းပါ။ ပြင်ဆင်ချက်တွေ အများကြီးပါ ပါတယ်။ Jimin & jungkook Yaoi fic ..