ရက်တွေ လတွေ အလီလီကို ဖြတ်သန်းရင်း...
နာရီတွေ စက္ကန့်တွေပါ ထပ်တွက်လိုက်ရင် Jungkookပိုလို့ပင်ရင်မောရသည် ..ပြန်လာခဲ့ပါတော့ ကိုလေးရယ်..
ကိုလေး Seoulက တက္ကသိုလ် ဘယ်တော့မှ ပြီးမှာလဲ..ကိုလေးကို အရမ်းလွမ်းနေပြီ...နေရောင်အောက်မှာ လဲလျောင်းရင်း ကောင်းကင်ကြီးကို မော့ကြည့်ကာ
Jiminရဲ့ ပုံရိပ်လေးကို တိမ်တွေနဲ့ ပုံဖော်ကြည့်နေ
မိသည်.."ဟင်..."
Jungkookငေးနေရာမှ ကုန်းရုန်းထလိုက်သည်..
သူရှေ့တွင် ရပ်နေသော ထိုလူကို သူမသိ...ထိုလူကတော့ သူ့ကို သိသည်ထင်...
ပြုံး၍ကြည့်နေသည်..နောက်မှ.."ကိုကြီး... မင်းကို အိပ်နေတယ်ထင်လို့ မနှိုးတာ..
ရောက်တာကြာပြီ ရပ်စောင့်နေတာ""ဗျာ"
Jungkook ထိုလူ့မျက်နှာကို စိုက်ကြည့်လိုက်သည်..မျက်နှာ ဖြူစုပ်စုပ်နှင့် ထိုလူက jungkookကို ပြုံးပြီးကြည့်နေလေသည်...
"ညီလေး ကိုကြီးကို မမှတ်မိဘူးထင်တယ်"
ခရီးသည်လား?? ခရီးသည်ပေါင်းမြောက်မြားစွာ
နှင့် ထိတွေ့နေရသော jungkookခမျာ ဘယ်သူ့မှ
မမှတ်မိသည်က အပြစ်မဟုတ်..ထို့ကြောင့် jungkookကြောင်သာ ငေးနေမိသည်..."ကိုကြီး အသက်ကို ညီလေးကယ်ခဲ့တာ မမှတ်မိတော့ဘူးလား"
"ဟာ..ဟိုအကိုလား"
ခုမှ jungkook သူ့ပေါင်ကို ပုတ်ကာ သတိရသွား
သည်.."ကိုကြီး..ဒီကို ဘာလာလုပ်တာလဲ..ဘယ်သူ့ကို
လာတွေ့တာလဲ"ထိုလူပြောသလို ကိုကြီးလို့သာခေါ်ရင်း jungkookထိုလူ့ကို ဝမ်းသာအားရ လှမ်းမေးလိုက်သည်..ထိုလူက သွားဖုံးတွေ ပေါ်အောင် ပြုံးပြရင်း ရယ်နေသည်..အတန်ကြာမှ
တစ်လုံးချင်း လေးကွေးစွာ ပြောလာသည်.."ကိုကြီး..ညီလေးဆီကို လာတာ"
"ဗျာ..."
အံ့ဩရပါလား??jungkookထိုသူကို မျက်လုံးအပြူးသားဖြင့် ထပ်မံငေးကြည့်မိသည်..
ထိုသူက ခေါင်းခါကာ jungkook ပုခုံးကို ပုတ်ရင်း..."လာဦး..မင်းကို ကိုကြီး ပြောစရာတွေ ရှိသေးတယ်..မင်းဘကြီး အိမ်ထဲမှာ စောင့်နေတယ်"
YOU ARE READING
Maybe Tomorrow
Romanceမူရင်း စာရေးဆရာမကြီးရဲ့ ဝတ္ထုကို ပြန်လည်ပြင်ဆင်ရေးသားထားခြင်းပါ။ ပြင်ဆင်ချက်တွေ အများကြီးပါ ပါတယ်။ Jimin & jungkook Yaoi fic ..