7.

596 79 6
                                    

Jiminကို တွေ့ချင်လွန်း၍သာ အလုပ်ကို လောကဇောတိုက်လုပ်နေရသည်... အခုလည်း ဒေါ်ကြီးခိုင်းလို့ ဈေးသွားရပြန်ပြီလေ ..
ဈေးကို စက်ဘီးလေးနဲ့ အသော့နှင် နင်းရင်း
လမ်းအကွေ့လောက်မှာ

"ဟော..jungkook နင်ဈေးထဲဘာလာလုပ်တာလဲ"

"ဩော် may"

နဖူးပေါ် ဆံပင်လေးများ ဆံမြိတ်အစီအရီ ချထားသည့် ဝဝတစ်တစ် ချစ်စရာကောင်မလေး may....သူက jungkookနဲ့ တစ်တန်းတည်း စာသင်ခန်းတစ်ခန်းတည်း တက်နေသူလေး..

"ငါ ကြက်သားလာဝယ်တာဟ"

"ဩော်..Jungkookရယ်.. ကြက်သားကလေ မဝယ်တတ်ရင် နစ်နာတယ်..နင်တို့လို ယောကျာ်းသားတွေဆိုရင် ဈေးဆိုင်က လူက အလေးတွေ မတရားခိုးတာနော်..အသားငါးဆိုတာ
အလေးမှန်ဖို့အတွက် မိန်းမတွေပဲ ဝယ်သင့်တာ..
ငါဝယ်ပေးရမလား"

"ရပါတယ်ဟာ..နင့်ကို အလုပ်မပေးချင်ပါဘူး..
ပြီးတော့ ငါလည်း လုပ်ဖူးတယ်ရှိအောင် ဝယ်ကြည့်ရမှာပေါ့"

"ဒါဖြင့် အိမ်လိုက်ခဲ့ပါလား..အဖေတို့နဲ့ စကားစမြည်းလေး ပြောဖို့"

ဒေါ်လေရှည်ကတော့ အရစ်ရှည်ပြန်ပြီဟုသာ
Jungkookဘုတွေးတွေးလိုက်သည်..

"နောက်ရက်မှ လာခဲ့မယ်ဟ...ငါ ငါ အိမ်ကို အမြန်ပြန်ရမှာမို့လို့ အရေးကြီးလို့ သွားပြီနော်"

"ဟာ..နင်ကလည်း ရောက်တုန်းရောက်ခိုက် ငါ့အိမ်နဲ့ နီးနီးလေးကို လာပါ အိမ်ထဲလာပြီး ကော်ဖီလေးဘာလေး သောက်သွား"

သေလိုက်ပါတော့ မိရှည်မလေးmayရယ်...
ကိုလေးဆီ အမြန်ပြန်ချင်ပါတယ်ဆိုမှ သူက တစ်မှောင့်...
JUNGKOOKစိတ်ထဲက ကျိန်ဆဲလိုက်သည်
ထို့ကြောင့်လည်း သူအတင်းကော်ဖီတိုက်နေပြန်တော့ အားနာနာနှင့်
သောက်ရပြန်သည်.. jungkookမှာတော့ ပြန်ချင်နေတာ ဖင်တကြွကြွ...

"ဒါနဲ့ နင်စာတွေကျက်ပြီးပြီလားjungkook
စာမေးပွဲကြီး နီးနေပြီနော်"

"ကျက်တုန်းပဲ"
Jungkook ဘုပြောပြောလိုက်သည်..

"နင်က တော်ပြီးသားပါဟာ... ငါတို့ကသာ ကုန်းရုန်းကျက်နေရတာ"

Mayက စကားလည်းပြောနေတာ တတွတ်တွတ်
Jungkookမှာသာ ထိုင်ခုံနဲ့ ဖင်နဲ့ လမိုင်းမကပ်..
ကပ်လိုပ်ခွာလိုက် ကပ်လိုက်ခွာလိုက် ဖြစ်နေသည်..

Maybe TomorrowWhere stories live. Discover now