15.

380 69 17
                                    

"ကိုလေး..ကိုလေ..ကျတော်ပါ..
ကိုလေးရဲ့ Jungkookieလေ "

Jungkook အသံကြောင့်  jiminရဲ့ မျက်လုံးလေး ဝိုင်းစက်သွားသည် ။ နောက်မှ
Jungkookကို ပြူးတူးပြဲတဲနှင့်  ငေးကြည့် နေရှာသည် ။

"မမှတ်မိတော့ဘူးလား ကိုလေးရယ် ။ ကျတော် Jungkookပါ ကိုလေးရဲ့"

"Jungရယ်"

Jimin အသံတွေ တုန်နေသည် ။ Jungkookကလည်း မျက်ရည်တွေ ဝဲလျက် ။

"အံ့ရော ကိုလေးရယ် ။ ကျတော် ဒီလောက်ထိ
အနားကပ်နေတာကို မမှတ်မိဘူး "

"ဩော် Jungkook shiကရော မှတ်မိစရာ ကောင်းလို့လား ... ကြည့်ပါဦး.. တသွေးတမွေးနဲ့
လူကြီး ကြီးကျနေတာပဲ ။ ဟော ကြည့်..
ဆံပင်တွေလည်း မညှပ်ဘူးလား ရှည်နေပြီ"

Jungkookမျက်နှာရဲ့ အသေးစိတ် တစ်ခု စီတိုင်း
Jimin လိုက်ကြည့်နေမိသည်။ စိတ်ထဲမှာလည်း
လွန်ခဲ့သော တစ်နှစ်ခန့်က သူပြန်ရောက်လာသည့်
နေ့လေးကို မှတ်မိနေသည် ။ သို့သော် အသွင်အပြင် ပြောင်းလာသော Jungkookက
ပိုပို ကြည့်ကောင်းလာတယ်ဆိုတာကို Jimin
ဝန်ခံပါသည် ။ အရင်ကတော့Jiminသိသည့် Jungkookဆိုသည်မှာ စုတ်စုတ်ပြတ်ပြတ် ကောင်လေးသာ...

ခုတော့ သားနားလိုက်တာ.. မင်းသားတစ်ယောက်
လိုမျိုး ပုံပန်းသွင်ပြင်နှင့် ။

"ခု.Jungkook ဒီကို ဘာနဲ့လာလဲ"

Jungkook ဘူတာရှေ့ကို မျက်စပစ်ပြလိုက်သည်
Hyundaiကားအသစ်ကြီးက Jimin မျက်စိထဲ ထင်းခနဲ မြင်လာသည် ။

"ဒါ..ဒါ ဘယ်သူ့ကား"

"ကျတော့ကား"

"သူဌေးပေါ့လေ"

"မဌေးပါဘူး"

"ကြားပါတယ်နော် ။ Busanတစ်မြို့လုံး နာမည်ကြီးနေတယ်ဆို... ကောင်မလေးတွေ ဝိုင်းဝိုင်းလည် လို့ဆို  ဟွန့်"

"ဘယ်သူပြောလဲ"

"ဟုတ်ရင်ကျော် ပုတ်ရင်ပေါ်တာပဲ"

ထိုအခါ Jungkookက မချိုမချဉ်ပြုံးနေရင်း..

"ကျောင်းလည်း တက်နေပြီဆို..အခု ဘယ်နှစ်တန်း
ရောက်ပြီလဲ"

"အထက်တန်း နောက်ဆုံးနှစ်"

Jimin မျက်နှာပြုံးနေသည်။ Jungkookကိုလည်း အထက်အောက် သေချာငေးကြည့်နေတော့ Jungkookအနေခက်
လာသည်။

Maybe TomorrowWhere stories live. Discover now