နှစ်ဦးသား သက်ပြင်းကိုယ်စီဖြင့်
အနာဂတ်ရှေ့ရေးကို ပြေပြေလေး တွေးနေမိသည်ပျော်ရာမှာမနေ ၊တော်ရာမှာနေဆိုသည့် စကားလည်း ရှိသည်မို့ Jimin သက်ပြင်းချလိုက်ရင်း jungkookကို seoul universityသွားစေရန် ဖျောင်းဖြမည်ဟု သာ
တွေးလိုက်မိသည် ...💛💛💛
"Jimin shiရယ်.. ကျတော် အကြာကြီး စောင့်နေရတာ တကယ် ပင်ပန်းတယ်ဗျ"
"ဒါပေမဲ့ kookရယ်"
" ဒါပေမဲ့ ကျတော်လည်း jimin shiနဲ့ လျှောက်လည် ချင်သေးတယ်လေဗျာ "
"အခုရော မလည်ရလို့လား "
" လည်တော့ လည်ရတာပေါ့ jimin shiရယ် ။
Seoulမှာ ဆိုရင် ပိုပျော်စရာ ကောင်းမယ်ထင်တယ်""မထင်နဲ့ ။ Seoulဆိုတာ လူများ..ကားများ..
မျက်စိကများ...Busanမှာက ရှင်းတယ် ။ ဘယ်သွားသွား မျက်စိကို အေးနေတာပဲ ။
ဘယ်သူမှလည်း ငါတို့ နှစ်ယောက်ကို စိတ်ဝင်တစား ကြည့်မှာမဟုတ်ဘူး ။ Seoulမှာဆို
မလွယ်ဘူး kookရဲ့ ""ဟင် !! ကိုလေး ပြောတာနဲ့ Seoulသွားဖို့တောင်
လန့်လာပြီ ""ဟုတ်တယ် ။ မင်းလို ချောချောလေးဆို ပို ဆိုးမယ်။ ဟိုမှာက မိန်းမတွေက ငမ်းငမ်းတက်..
ချောင်းနေကြတာ ။ ပြီးတော့ မိန်းကလေးတွေက
ချောပါဘိ လှပါဘိ တွေချည်း""Jimin hyungလောက်တော့ ဘယ်သူမှ မချောလောက်ပါဘူး "
"အောင်မလေး.. Jiminဆိုတဲ့ကောင်က အခု busanမှာသာ ချောတယ် ဆိုပြီး ဖြစ်နေတာ...
Seoulလည်း ရောက်ရော Jiminဆိုတာ တိုက်ကောကြီးလို့ ပြောမှာ မြင်ယောင်သေး "Jiminက ပြောရင်းပြောရင်း မျက်စိလေးတွေ မှိတ်ကာ အားရပါးရ ရယ်နေသည် ။ Jungkookတစ်ယောက် ထိုမျက်နှာလေးကို
တစိမ့်စိမ့်ကြည့်ရင်း..."ထင်သလား... ကျတော့ တစ်သက်မှာ ကိုလေးက
အချောဆုံးပဲ။ အလှဆုံး...အယဉ်ဆုံး.. အကြင်နာဆုံး...သဘောအဖြူဆုံး ...
ကိုလေးက လွဲရင် ကျန်တဲ့သူတွေက ကျတော့အတွက် ကျောက်စိုင်ကျောက်ခဲပါ "
YOU ARE READING
Maybe Tomorrow
Storie d'amoreမူရင်း စာရေးဆရာမကြီးရဲ့ ဝတ္ထုကို ပြန်လည်ပြင်ဆင်ရေးသားထားခြင်းပါ။ ပြင်ဆင်ချက်တွေ အများကြီးပါ ပါတယ်။ Jimin & jungkook Yaoi fic ..